ဒစ်ဂျစ်တယ် အနုပညာရှင် Beeple ရဲ့ “Everydays: The First 5000 Days” NFTs ကို ဒီနှစ် အစောပိုင်းက ဒေါ်လာ ၆၉ သန်းနဲ့ ဝယ်ယူခဲ့တဲ့အတွက် သတင်းခေါင်းစီးတွေမှာ နာမည်ကြီးခဲ့တဲ့ NFTs စုဆောင်းသူ MetaKovan ဟာ ဒီ ၁ ပတ်ထဲမှာပဲ Rare Pepe NFTs ကို ဒေါ်လာ ၅၀၀,၀၀၀ နဲ့ လေလံတင် ဝယ်ယူခဲ့ပါတယ်။

NFT.NYC Event ရဲ့ တတိယမြောက်နေ့ ဖြစ်တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ မှာ MetaKovan က Pepe the Frog Meme ပါတဲ့ Series 1 “RAREPEPE, RAREPEPE NAKAMOTO Card 1” Token ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Homer Simpson Rare Pepe NFT Crypto Art Sells For Over $312,000 | Know Your  Meme

အဲဒီ လေလံပွဲကို Mint Gold Dust က ကြီးမှူးပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီနေ့မှာပဲ NFTs Creator တွေအတွက် 24/7 အနုပညာ ဈေးကွက်နဲ့ Creative Studio ဖွင့်ပွဲကို ပြုလုပ်ခဲ့တာပါ။ Mint Gold Dust က အဲဒီ NFTs ဟာ ဒီနှစ် အစောပိုင်းက ဒေါ်လာ ၂၅,၀၀၀ ပဲတန်ကြေးရှိခဲ့ပေမယ့် နာမည်ကြီးလာသလို NFTs တွေကို လူတွေ အရမ်း စိတ်ဝင်စားလာတဲ့အတွက် အခုလို ဈေးမြင့်တက်သွားတာလို့ ပြောပါတယ်။

လေလံပွဲ စီစဉ်သူ Theo Goodman က “ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ NFT.NYC မှာ လူတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်က RAREPEPE နဲ့ တခြား Vintage NFTs တွေကို မသိကြပါဘူး။ ဒီနှစ်မှာတော့ လူတိုင်း သိနေကြပါပြီ။ “ လို့ ရှင်းပြပါတယ်။

Ref : cointelegraph