နိုင်ဂျီးရီးယား အစိုးရက ဒီလ ၂၀ ရက်နေ့မှာ Facebook နဲ့ WhatsApp ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ Meta ကို ဒေါ်လာ ၂.၂ သန်း ဒဏ်ရိုက်လိုက်ပါတယ်။ Meta ဟာ နိုင်ဂျီးရီးယားရဲ့ သုံးစွဲသူ ဒေတာ ကာကွယ်ရေးနဲ့ သုံးစွဲသူ အခွင့်အရေးတွေကို ချိုးဖောက်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ ဒဏ်ရိုက်လိုက်တာပါ။

Meta

နိုင်ဂျီးရီးယား ရဲ့ စားသုံးသူ ကာကွယ်ရေး ကော်မရှင် (FCCPC) က စုံစမ်းစစ်ဆေးမှုအတွင်း Meta ရဲ့ ဥပဒေချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Meta ဟာ နိုင်ဂျီးရီးယား သုံးစွဲသူ ဒေတာတွေကို ခွင့်ပြုချက် မရဘဲ မျှဝေခဲ့ပြီး သုံးစွဲသူတွေရဲ့ ကိုယ်ပိုင် ဒေတာတွေကို ထိန်းချုပ်နိုင်တဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ FCCPC က ပြောပါတယ်။ Meta ရဲ့ လုပ်ရက်တွေဟာ တရားမျှတမှု မရှိဘဲ ဈေးကွက်မှာ ကြီးစိုးနိုင်အောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Meta Fined €390 Million by EU | Hungarian Conservative

FCCPC CEO Adamu Abdullahi က ကော်မရှင်ဟာ သက်သေအထောက်အထားတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှု ရှိပြီး Meta ဟာ အခု ဒဏ်ရိုက်မှုကို ခုခံကာကွယ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ပြောပါတယ်။ ကော်မတီက နောက်ဆုံး အဆင့် အမိန့်ချမှတ်တော့မှာ ဖြစ်ပြီး Meta ကို ဒဏ်ရိုက်တော့မယ်လို့ သူက ပြောပါတယ်။

အီတလီ အာဏာပိုင်တွေကလည်း တရားမမျှတဲ့ လုပ်ရက်တွေကြောင့် Meta ကို ဇွန်လက စတာလင်ပေါင် ၃.၅ သန်း ဒဏ်ရိုက်ခဲ့ပါသေတယ်။ အာဏာပိုင်တွေက Meta ဟာ သုံးစွဲသူတွေရဲ့ ဒေတာတွေကို အခွင့်မရှိဘဲ ရယူနေတယ်လို့ ပြောပါတယ်။

Ref : gizmochina