ဖိလစ်ပိုင် Dota 2 လောကမှာ အအောင်မြင်ဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ Ninjaboogie (အမည်ရင်း Michael Ross Jr) ဟာ ပရို Dota 2 မြင်ကွင်းမှာ ငြိမ်သက်နေတာ ကြာပြီဖြစ်ပေမယ့် အခုချိန်မှာတော့ အသင်းသစ်တစ်ခု ဖွဲ့စည်းပြီး ပြန်လည် လှုပ်ရှားလာတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ အသင်းကို လောလောဆယ် “032” Zerothreetwo လို့ အမည်ပေးထားပြီး မကြာသေးခင်က ဝင်ရောက် ဆော့ကစားခဲ့သေးတဲ့ Team Adroit အသင်းမှ အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့တဲ့ “Natsumi-” နဲ့ “Bok” တို့ကိုလည်း ခေါ်ယူ ထားနိုင်တာ တွေ့ရပါတယ်။ Natsumi- နဲ့ Bok တို့ဟာ Team Adroit အတွက် အောင်မြင်မှု အများအပြား ရယူပေးခဲ့ပြီး နာမည် တစ်လုံး တည်ဆောက်ပေးခဲ့ရာမှာ အဓိက ကျခဲ့တဲ့ ဖိလစ်ပိုင် ကစားသမားတွေလည်း ဖြစ်ပါတယ်။

သူတို့ သုံးယောက်နဲ့ ပူးပေါင်းကစားမယ့် နောက်ထပ် ကစားသမား နှစ်ယောက်က သွေးသစ် Dota 2 ကစားသမားတွေ ဖြစ်တာကြောင့် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းမှာပါ။ Natsumi- နဲ့ Bok တို့ဟာ ၂၀၁၉ ခုနှစ် ဆီးဂိမ်းမှာလည်း ဖိလစ်ပိုင် အသင်း အတွက် ရွှေတံဆိပ် ရယူပေးခဲ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် Ninjaboogie ဟာ Dota 2 Asia Championship 2018 မှာ အသင်းကောင်းတွေကို ကျော်ဖြတ် ဗိုလ်စွဲခဲ့ဖူးသလို Ti9 မှာလည်း အောက်သင်းတစ်သင်း ဖြစ်နေတဲ့ Mineski ကို နံပါတ် ၈ အထိ ချိတ်ဆွဲနိုင်အောင် ဦးဆောင်ခဲ့ပါတယ်။

Mid Lane ကစားမယ့် “Nikko” (အမည်ရင်း Nikko Bilocura) ဟာ ထိုင်းအခြေစိုက် MS Chonburi မှာ ကစားခဲ့တဲ့ လူငယ်လက်တက်တစ်ယောက် ဖြစ်ပြီး Pos 4 ကစားမယ့် “Matthew” (အမည်ရင်း Matthew Trinidad) အကြောင်းကိုတော့ သေချာ မသိရသေးပါဘူး။

လက်ရှိ “032 Dota2” အသင်းရဲ့ လူစာရင်းကတော့ Natsumi-, Nikko, Bok, Matthew, Ninjaboogie တို့ပဲ ဖြစ်ပါတယ်။

Ref – AFKGaming