[Unicode]

Nintendo ရဲ့ စီအီးအို Shuntaro Furukawa က ဒီနှစ်ထဲမှာ Switch အသစ် ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် မရှိဘူးလို့ ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံထားသူတွေကို ပြောပါတယ်။ သူက ကုမ္ပဏီရဲ့ ငွေကြေးဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပြီး ကုမ္ပဏီဟာ Animal Crossing-branded မော်ဒယ်ကိုလည်း ကြေညာခဲ့ပါတယ်။

Furukawa က “ Nintendo Switch အတွက် အုတ်မြစ်ချထားပြီးပြီဖြစ်ပြီး အနာဂတ်မှာ ပိုတိုးတက်အောင်မြင်လာမှာ သေချာပါတယ်။ “ လို့ ပြောခဲ့ပါတယ်။ Switch အသစ်ကို ဒီနှစ်ထဲမှာ မထုတ်လုပ်ဘူးဆိုတာ သိပ်အံ့အားသင့်စရာ မကောင်းပါဘူး။ ပထမမျိုးဆက် Switch ကို ၂၀၁၇ ခုနှစ် အစောပိုင်းမှာ ရောင်းချခဲ့ပြီး တိုးတက်မှုများစွာ ပါလာတဲ့ နောက်မျိုးဆက် Switch Lite နဲ့ ဘက်ထရီ သက်တမ်းပိုကောင်းတဲ့ မော်ဒယ် အသစ်တွေကို ပြီးခဲ့တဲ့ နှစ်က ချပြခဲ့ပါတယ်။ မော်ဒယ် အသစ် ၂ ခုစလုံးမှာ စွမ်းအင် စားသုံးမှု သက်သာတဲ့ Nvidia Chip ထည့်သွင်းထားပါတယ်။

Furukawa က မူလ Switch ရဲ့ ရောင်းအားဟာ ဧပြီလနဲ့ ဒီဇင်ဘာလကြားမှာ ၁ နှစ်ထက် ၁ နှစ် ကျဆင်းခဲ့ပြီး Switch Lite က ရောင်းအား ပြန်တက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ် အကုန်မှာ Switch ဂိမ်းစက် အလုံးရေ စုစုပေါင်း ၅၂.၄၈ သန်း ရောင်းချနိုင်ခဲ့ပြီး Furukawa က တကယ့်ရောင်းအားဟာ ၄၈ သန်းကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

Furukawa က Nintendo Switch Lite ရဲ့ လုပ်ဆောင်ချက်တွေဟာ မပြည့်စုံသေးဘူးလို့ ခံစားရတဲ့အတွက် နောက်ပိုင်းမှာ ပိုကောင်းအောင် ကြိုးစားလုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။

Ref : theverge

[Zawgyi]

Nintendo က ဒီႏွစ္မွာ Switch အသစ္ မထုတ္ဘူးလို႔ ေျပာ

Nintendo ရဲ႕ စီအီးအို Shuntaro Furukawa က ဒီႏွစ္ထဲမွာ Switch အသစ္ ထုတ္လုပ္ေရာင္းခ်ဖို႔ အစီအစဥ္ မရွိဘူးလို႔ ကုမၸဏီမွာ ရင္းႏွီးျမႇပ္ႏွံထားသူေတြကို ေျပာပါတယ္။ သူက ကုမၸဏီရဲ႕ ေငြေၾကးဆိုင္ရာ သတင္းအခ်က္အလက္ ထုတ္ျပန္တဲ့ အခမ္းအနားမွာ ေျပာခဲ့တာ ျဖစ္ၿပီး ကုမၸဏီဟာ Animal Crossing-branded ေမာ္ဒယ္ကိုလည္း ေၾကညာခဲ့ပါတယ္။

Furukawa က “ Nintendo Switch အတြက္ အုတ္ျမစ္ခ်ထားၿပီးၿပီျဖစ္ၿပီး အနာဂတ္မွာ ပိုတိုးတက္ေအာင္ျမင္လာမွာ ေသခ်ာပါတယ္။ “ လို႔ ေျပာခဲ့ပါတယ္။ Switch အသစ္ကို ဒီႏွစ္ထဲမွာ မထုတ္လုပ္ဘူးဆိုတာ သိပ္အံ့အားသင့္စရာ မေကာင္းပါဘူး။ ပထမမ်ိဳးဆက္ Switch ကို ၂၀၁၇ ခုႏွစ္ အေစာပိုင္းမွာ ေရာင္းခ်ခဲ့ၿပီး တိုးတက္မႈမ်ားစြာ ပါလာတဲ့ ေနာက္မ်ိဳးဆက္ Switch Lite နဲ႔ ဘက္ထရီ သက္တမ္းပိုေကာင္းတဲ့ ေမာ္ဒယ္ အသစ္ေတြကို ၿပီးခဲ့တဲ့ ႏွစ္က ခ်ျပခဲ့ပါတယ္။ ေမာ္ဒယ္ အသစ္ ၂ ခုစလုံးမွာ စြမ္းအင္ စားသုံးမႈ သက္သာတဲ့ Nvidia Chip ထည့္သြင္းထားပါတယ္။

Furukawa က မူလ Switch ရဲ႕ ေရာင္းအားဟာ ဧၿပီလနဲ႔ ဒီဇင္ဘာလၾကားမွာ ၁ ႏွစ္ထက္ ၁ ႏွစ္ က်ဆင္းခဲ့ၿပီး Switch Lite က ေရာင္းအား ျပန္တက္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။ ၂၀၁၉ ခုႏွစ္ အကုန္မွာ Switch ဂိမ္းစက္ အလုံးေရ စုစုေပါင္း ၅၂.၄၈ သန္း ေရာင္းခ်ႏိုင္ခဲ့ၿပီး Furukawa က တကယ့္ေရာင္းအားဟာ ၄၈ သန္းေက်ာ္မယ္လို႔ ခန႔္မွန္းထားပါတယ္။

Furukawa က Nintendo Switch Lite ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ မျပည့္စုံေသးဘူးလို႔ ခံစားရတဲ့အတြက္ ေနာက္ပိုင္းမွာ ပိုေကာင္းေအာင္ ႀကိဳးစားလုပ္ေဆာင္မယ္လို႔ ေျပာခဲ့ပါတယ္။

Ref : theverge