Nintendo ရဲ့ နောက်ဆုံး ငွေကြေးစာရင်းရှင်းတမ်း ကြေညာပွဲပြီးနောက် ပြုလုပ်တဲ့ အမေး၊ အဖြေ ကဏ္ဍမှာ Nintendo ဟာ NFT နဲ့ Metaverse နယ်ပယ်မှာ ပါဝင်မလားလို့ ကုမ္ပဏီရဲ့ အရာရှိတွေကို မေးမြန်းခဲ့ပါတယ်။ Nintendo က “ ကျွန်တော်တို့ အဲဒီ နယ်ပယ်တွေကို စိတ်ဝင်စားပြီး အလားအလာကောင်းလာမယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် အဲဒီ နယ်ပယ်တွေမှာ ဘယ်လို ပျော်စရာတွေကို ယူဆောင်ပေးရမလဲဆိုတာ စဉ်းစားနေပြီး လက်ရှိမှာ ဆုံးဖြတ်ဖို့ ခက်ခဲနေပါသေးတယ်။ “ လို့ ဖြေကြားခဲ့ပါတယ်။

Nintendo says it's interested in creating NFTs, but with conditions -  9to5Fortntie

NFT or Non-fungible Token တွေဟာ Blockchain မှာ သိမ်းဆည်းထားတဲ့ ဒေတာတွေ ဖြစ်ပြီး User တွေဟာ အနုပညာလက်ရာနဲ့ In-game Item တို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။

Metaverse ဟာ နည်းပညာ ကုမ္ပဏီတွေအကြားမှာ လက်ရှိ ရေပန်းစားလာတဲ့ စကားလုံး ဖြစ်ပြီး လူမှု ဆက်သွယ်ရေးကို အခြေပြုထားတဲ့ အွန်လိုင်း အတုအယောင် ကမ္ဘာလို့ ညွှန်းဆိုကြပါတယ်။

Nintendo says it's interested in creating NFTs, but with conditions -  9to5Fortntie

Ubisoft နဲ့ Konami တို့လို ဂိမ်း ကုမ္ပဏီများစွာဟာ NFT ကို ဒစ်ဂျစ်တယ် Item အဖြစ် စတင် ရောင်းချနေပြီ ဖြစ်ပြီး Square Enix က အဲဒီ နည်းပညာ Trend ကို စိတ်ဝင်စားနေတယ်လို့ ပြောထားပါတယ်။

Electronic Arts CEO Andrew Wilson က ကုမ္ပဏီဟာ သူ့ရဲ့ ဂိမ်းတွေမှာ NFT ကို မိတ်ဆက်ဖို့ လက်ရှိမှာ အာရုံ မစိုက်ထားဘူးလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။ Wilson က NFT ဟာ ဂိမ်း လောကမှာ ရင်းနှီးမြှပ်နှံမှုများစွာကို စွဲဆောင်နေတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်တဲ့ ကွာတား ၃ ငွေစာရင်းရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူက ဗီဒီယို ဂိမ်း နယ်ပယ်မှာ 3D, AR နဲ့ VR တွေကို ထည့်သွင်းလာကြတာကို သဘောကျတယ်လို့ ပြောပါတယ်။

Ref : videogameschronicle