Nintendo ကနေ အမိမြေ ဂျပန်နိုင်ငံမှာရှိတဲ့ Customer တွေကို လက်ရှိရောင်းချနေတဲ့ Switch Console တွေနဲ့ Accessories တွေရဲ့ Production နဲ့ Shipment တွေနောက်ကျမယ်ဆိုပြီး အသိပေးခဲ့ပါတယ်။ ဒါကလည်း လက်ရှိတရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အခုသတင်းကြောင့် Nintendo ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ကြေညာထားခဲ့တဲ့ Animal Crossing-themed အမျိုးအစားဟာလည်း Pre-order စတင်ပြုလုပ်နိုင်မယ့် စနေနေ့ကနေ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ Nintendo ကတော့ ယခုအခြေအနေအတွက် တောင်းပန်ခဲ့ပြီး အခြေအနေကို ဆက်တိုက်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Nintendo ဟာ ပုံမှန်အားဖြင့် Hardware ပိုင်းကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီးတော့ ဂျပန်နိုင်ငံမှာပြန်လည်ရောင်းချတာဖြစ်ပါတယ်။ Nintendo Switch Console အများအပြားဟာလည်း တရုတ်နိုင်ငံမှာရှိတဲ့ Foxconn စက်ရုံတွေမှာပဲ ထုတ်လုပ်ထားဖြစ်ပြီး အခုလက်ရှိမှာ အဆိုပါစက်ရုံတွေပိတ်သိမ်းထားတဲ့အတွက် အခုလိုမျိုး နှောင့်နှေးတာဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ဟာ Apple ၊ ASUS အပါအဝင် ကုမ္ပဏီအများအပြားကိုလည်း ထုတ်လုပ်မှုနှောင့်နှေးစေခဲ့သလို MWC Event မှာလည်း ZTE နဲ့ LG တို့က ရှောင်ထွက်သွားပြီဖြစ်ပါတယ်။

Ref – The Verge