Unicode

ပြီးခဲ့တဲ့ Mobile Legends Season အနည်းငယ်အတွင်းမှာ အင်ဒိုနဲ့ Global Leaderboard ပေါ်ကို ရုတ်တရက် စိုးမိုးလာတဲ့ နာမည်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ SK_1st ပါပဲ။ သူဟာ MLBB ဂိမ်းရဲ့ Leaderboard နံပါတ်တစ်နေရာကို အခါအားလျှော်စွာ ရယူထားနိုင်တာကြောင့် လက်ရှိအကောင်းဆုံးကစားသမားတစ်ဦးလို့ တော်တော်များများက သတ်မှတ်ထားရပါတယ်။

ဒါပေမယ့် အခြားနာမည်ကြီး အင်ဒိုကစားသမားတွေလို SK_1st ကို Pro အသင်းတစ်ခုမှာ ကစားလာတာ မတွေ့ရသေးပါဘူး။ သူ့ရဲ့ ပြင်ပဘဝကို သိလိုက်ရတဲ့အခါမှာတော့ ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်သွားခဲ့ပါတယ်။

SK ဆိုတာဟာ သူ့ရဲ့နာမည်ရင်း Sie Khang ကို အတိုကောက်ပေးထားတာဖြစ်ပြီး သူဟာ ၂၀၀၂ ခုနှစ်ထဲက Dota ဂိမ်းနဲ့ MOBA အမျိုးအစားကို စတင်ဆော့ကစားခဲ့ဖူးသူပါ။ ဒါ့ကြောင့် အခုချိန်မှာ Sie Khang ဟာ သက်လတ်ပိုင်းအရွယ်ကို ရောက်နေပြီဖြစ်ပြီး MOBA ဂိမ်းအမျိုးအစားကို ဆော့လာတာ ၁၈ နှစ်လောက်ရှိပါပြီ။

“၂၀၀၂ ခုနှစ်လောက်တုန်းက Dota ကို တကယ် အရူးအမူးဆော့ခဲ့တာပါ” လို့ Khang က ONE Esports ကို ဖြေကြားခဲ့ပါတယ်။ “Dota ကိုအသင်းလိုက် ဆော့ကစားရတာ နှစ်သက်ခဲ့တယ်၊ အဲ့ဒီအချိန်တုန်းက လိုအပ်သမျှ အားလုံးကို Dota က ဖြည့်ဆည်းပေးခဲ့တယ်၊ ဝါသနာတစ်ခုအဖြစ်ရော၊ သူငယ်ချင်းတွေ ရဖို့အတွက်ရောပေါ့၊ ကံကောင်းတာက အဲ့ဒီဂိမ်းဟာ အခမဲ့ကစားနိုင်တဲ့ Free to Play လည်း ဖြစ်နေခဲ့တယ်” လို့ သူကဆိုပါတယ်။

Khang ဟာ Counter-strike လို အသင်းလိုက်ဆော့ရတဲ့ အခြားဂိမ်းတွေကိုလည်း ကြိုးစားကြည့်ခဲ့ဖူးပေမယ့် Dota လိုတော့ မနှစ်သက်ခဲ့မိဘူးလို့ ရင်ဖွင့်ခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ အိမ်ထောင်ကျသွားခဲ့တဲ့နောက်တော့ သူ ချစ်တဲ့ ဂိမ်းကစားခြင်း ကနေ ဝေးကွာသွားခဲ့ပါတယ်။ Dota 2 စပေါ်လာစဉ်မှာ အစောဆုံးကစားခဲ့ပေမယ့် အရင်က Dota ဂိမ်းလောက် မစွဲလမ်းမိခဲ့တော့ပါဘူး။

အဲ့ဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ Khang အတွက် Mobile Legends ဟာ စိတ်ဖြေစရာအသစ်ဖြစ်လာခဲ့ပါတယ်။ အင်ဒိုနိုင်ငံက လူအများစုလိုပဲ ML ကို စတင်ကစားခဲ့ပေမယ့် အရမ်းစွဲသွားမှာစိုးလို့ ရှောင်ဖို့ကြိုးစားခဲ့သေးတယ်လို့ သူက ဆိုတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ပြင်ပလူနေမှုဘဝနဲ့ ဂိမ်းကစားချိန်ကို ချိန်ညှိနိုင်သွားတဲ့ Dota ကစားသမားဟောင်းဟာ ကမ္ဘာပေါ်မှာ Rank အမြင့်ဆုံး MLBB ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါပြီ။

သူ့ရဲ့ အံ့မခန်းကျွမ်းကျင်မှုကိုအသုံးချပြီး Pro အဖြစ် ပြန်လည်ကစားမှာတော့ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ အခုချိန်မှာ Video Content ဖန်တီးမှုကို ကြိုးစားလာပြီး သိပ်မကြာသေးခင်က သူ့ကစားပုံကို စတင် Stream လွှင့်လာခဲ့ပါတယ်။

Ref – ONE Esports

Zawgyi

ၿပီးခဲ့တဲ့ Mobile Legends Season အနည္းငယ္အတြင္းမွာ အင္ဒိုနဲ႔ Global Leaderboard ေပၚကို ရုတ္တရက္ စုိးမုိးလာတဲ့ နာမည္တစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ SK_1st ပါပဲ။ သူဟာ MLBB ဂိမ္းရဲ႕ Leaderboard နံပါတ္တစ္ေနရာကို အခါအားေလွ်ာ္စြာ ရယူထားႏုိင္တာေၾကာင့္ လက္ရွိအေကာင္းဆုံးကစားသမားတစ္ဦးလုိ႔ ေတာ္ေတာ္မ်ားမ်ားက သတ္မွတ္ထားရပါတယ္။

ဒါေပမယ့္ အျခားနာမည္ႀကီး အင္ဒိုကစားသမားေတြလို SK_1st ကို Pro အသင္းတစ္ခုမွာ ကစားလာတာ မေတြ႕ရေသးပါဘူး။ သူ႕ရဲ႕ ျပင္ပဘဝကို သိလုိက္ရတဲ့အခါမွာေတာ့ ပရိသတ္ေတြအတြက္ အံ့အားသင့္စရာျဖစ္သြားခဲ့ပါတယ္။

SK ဆုိတာဟာ သူ႕ရဲ႕နာမည္ရင္း Sie Khang ကို အတုိေကာက္ေပးထားတာျဖစ္ၿပီး သူဟာ ၂၀၀၂ ခုႏွစ္ထဲက Dota ဂိမ္းနဲ႔ MOBA အမ်ဳိးအစားကို စတင္ေဆာ့ကစားခဲ့ဖူးသူပါ။ ဒါ့ေၾကာင့္ အခုခ်ိန္မွာ Sie Khang ဟာ သက္လတ္ပုိင္းအရြယ္ကို ေရာက္ေနၿပီျဖစ္ၿပီး MOBA ဂိမ္းအမ်ဳိးအစားကို ေဆာ့လာတာ ၁၈ ႏွစ္ေလာက္ရွိပါၿပီ။

“၂၀၀၂ ခုႏွစ္ေလာက္တုန္းက Dota ကို တကယ္ အရူးအမူးေဆာ့ခဲ့တာပါ” လို႔ Khang က ONE Esports ကုိ ေျဖၾကားခဲ့ပါတယ္။ “Dota ကိုအသင္းလိုက္ ေဆာ့ကစားရတာ ႏွစ္သက္ခဲ့တယ္၊ အဲ့ဒီအခ်ိန္တုန္းက လုိအပ္သမွ် အားလုံးကို Dota က ျဖည့္ဆည္းေပးခဲ့တယ္၊ ဝါသနာတစ္ခုအျဖစ္ေရာ၊ သူငယ္ခ်င္းေတြ ရဖို႔အတြက္ေရာေပါ့၊ ကံေကာင္းတာက အဲ့ဒီဂိမ္းဟာ အခမဲ့ကစားႏုိင္တဲ့ Free to Play လည္း ျဖစ္ေနခဲ့တယ္” လို႔ သူကဆုိပါတယ္။

Khang ဟာ Counter-strike လုိ အသင္းလိုက္ေဆာ့ရတဲ့ အျခားဂိမ္းေတြကိုလည္း ႀကိဳးစားၾကည့္ခဲ့ဖူးေပမယ့္ Dota လိုေတာ့ မႏွစ္သက္ခဲ့မိဘူးလို႔ ရင္ဖြင့္ခဲ့တယ္။ ၂၀၀၉ ခုႏွစ္မွာ အိမ္ေထာင္က်သြားခဲ့တဲ့ေနာက္ေတာ့ သူ ခ်စ္တဲ့ ဂိမ္းကစားျခင္း ကေန ေဝးကြာသြားခဲ့ပါတယ္။ Dota 2 စေပၚလာစဥ္မွာ အေစာဆုံးကစားခဲ့ေပမယ့္ အရင္က Dota ဂိမ္းေလာက္ မစြဲလမ္းမိခဲ့ေတာ့ပါဘူး။

အဲ့ဒီေနာက္ ၂၀၁၇ ခုႏွစ္မွာေတာ့ Khang အတြက္ Mobile Legends ဟာ စိတ္ေျဖစရာအသစ္ျဖစ္လာခဲ့ပါတယ္။ အင္ဒုိႏုိင္ငံက လူအမ်ားစုလိုပဲ ML ကို စတင္ကစားခဲ့ေပမယ့္ အရမ္းစြဲသြားမွာစုိးလို႔ ေရွာင္ဖို႔ႀကိဳးစားခဲ့ေသးတယ္လို႔ သူက ဆုိတယ္။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ျပင္ပလူေနမႈဘဝနဲ႔ ဂိမ္းကစားခ်ိန္ကို ခ်ိန္ညွိႏုိင္သြားတဲ့ Dota ကစားသမားေဟာင္းဟာ ကမာၻေပၚမွာ Rank အျမင့္ဆုံး MLBB ကစားသမားေတြထဲက တစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။

သူ႕ရဲ႕ အံ့မခန္းကၽြမ္းက်င္မႈကိုအသုံးခ်ၿပီး Pro အျဖစ္ ျပန္လည္ကစားမွာေတာ့ မဟုတ္ဘူးလုိ႔ သူကဆုိပါတယ္။ အခုခ်ိန္မွာ Video Content ဖန္တီးမႈကို ႀကိဳးစားလာၿပီး သိပ္မၾကာေသးခင္က သူ႕ကစားပုံကို စတင္ Stream လႊင့္လာခဲ့ပါတယ္။

Ref – ONE Esports