HMD Global ဟာ အခုနောက်ပိုင်းမှာ Nokia စမတ်ဖုန်းတွေကို Mid Range နဲ့ Budget စျေးကွက်အတွက်ပဲ ဦးစားပေးပြောင်းလဲထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာလည်း Nokia 1.4 နာမည်နဲ့ Budget စမတ်ဖုန်းအသစ်ကို Global စျေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Nokia 1.4 စမတ်ဖုန်းဟာ 6.51″ HD+ 20:9 Aspect Ratio Display ပါဝင်မှာဖြစ်ပါတယ်။ Performance အနေနဲ့ကတော့ Qualcomm Snapdragon 215 Chipset ကိုပဲ အသုံးပြုထားပြီး Base Version အနေနဲ့ RAM 1GB ၊ 16GB Storage ကနေ အမြင့်ဆုံး RAM 3GB ၊ 64GB Storage အထိ ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Android 10 Go Edition OS ကို အသုံးပြုထားတဲ့အတွက် အသုံးပြုရတာကတော့ တခြားပုံမှန် Android OS သုံးဖုန်းတွေထက် သွက်လက်နေမယ်လို့ ယူဆရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 8MP Primary Camera အပြင် 2MP Macro Sensor ကိုပါ ထည့်သွင်းလာခဲ့ပြီးတော့ Selfie Camera ကတော့ 5MP Sensor ပါဝင်မယ်လို့ သိရပါတယ်။ Google Camera Go App ကို ထည့်သွင်းထားမှာဖြစ်တဲ့အတွက် တခြားသော Budget စမတ်ဖုန်းတွေထက်တော့ Camera ပိုင်းစွမ်းဆောင်ရည်ပိုကောင်းနေမှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့လည်း 4000mAh Battery ပါဝင်မှာဖြစ်ပေမယ့် Charging ပိုင်းမှာ MicroUSB ကနေတစ်ဆင့် 5W အထိပဲ အားသွင်းနိုင်မှာပါ။ တခြားသော Feature တွေအနေနဲ့ကတော့ MicroSD Card Slot ၊ Dual SIM Support ၊ Bluetooth 4.2 လိုမျိုး Feature တွေပါဝင်မယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Nokia 1.4 ကို €99 {မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena