HMD Global ဟာ Nokia 2.4 ကို Nokia 3.4 နဲ့အတူ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်တုန်းက ဥရောပဈေးကွက်မှာ မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အဲဒီစမတ်ဖုန်းနှစ်မျိုးထဲက Nokia 2.4 ကို နိုဝင်ဘာလကုန်မှာ အိန္ဒိယဈေးကွက်ဆီ ပို့ဆောင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

Nokia 2.4 ဟာ Nokia 2.3 ကို ဆက်ခံတဲ့ မျိုးဆက်သစ်ဖြစ်ပါတယ်။ တန်ဖိုးနည်းပါးတဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး MediaTek Helio P22 chipset ကို အသုံးပြုထားပါတယ်။ RAM ပိုင်းမှာတော့ 2GB နဲ့ 3GB ဆိုပြီး နှစ်မျိုးရှိသလို၊ သိုလှောင်မှုပိုင်းမှာလည်း 32GB နဲ့ 64GB ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ မျက်နှာပြင်ပိုင်းကတော့ 6.5-inch HD+ LCD panel နဲ့ဖြစ်ပါတယ်။

Nokia 2.4 ရဲ့ မျက်နှာပြင်ထက်မှာ dew-drop notch တစ်ခုရှိပြီး ဒီထဲမှာတော့ 5MP selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ 13MP (wide) + 2MP (depth) ကင်မရာတို့ကို အထက်အောက်၊ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ ကင်မရာနှစ်လုံးရဲ့အောက်မှာ LED ဖလက်၊ Fingerprint scanner နဲ့ Nokia အမှတ်တံဆိပ်စာတန်းတို့ ရှိနေကြပါတယ်။

Nokia 2.4 ရဲ့ ကိုယ်ထည်ကို Polycarbonate နဲ့ ပြုလုပ်ထားပြီး Charcoal, Dusk နဲ့ Fjord ဆိုတဲ့အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Android 10 မောင်းနှင်ထားပြီး Android 11 update လည်း ရရှိမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,500mAh ပမာဏ ဖြစ်ပြီး 3.5mm headphone kack, single-band Wi-Fi, Bluetooth 5.0, NFC နဲ့ Google Assistant key တို့ကို ထောက်ပံ့ပေးထားပါသေးတယ်။

Ref: Gizmochina