Nokia က Featurephone ၂ လုံးကို တရုတ်က ဝီဘို အကောင့်ကနေ ကြေညာလိုက်ပါတယ်။ 4G နဲ့ HD Call တွေ ထောက်ပံ့ထားပြီး ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ 225 4G ကတော့ ပိုတန်ဖိုးကြီးပြီး ဒီဇိုင်း ပိုလန်းပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ FM Radio , LED Flashlights နဲ့ microSD Slot တွေ ထည့်သွင်းထားပါတယ်။

225 4G ရဲ့ အနောက်ဘက်မှာ VGA ကင်မရာ ပါလာပြီး 215 4G မှာတော့ မပါလာပါဘူး။ 225 4G မှာ ဘက်ထရီစားတာ သက်သာစေတဲ့ Chipset ပါတယ်လို့ ဖော်ပြထားပါတယ်။ Nokia 215 4G အတွက် Black နဲ့ Green ၂ ရောင် ထုတ်လုပ်ထားပြီး တရုတ် စတိုးတွေကနေ ကြိုတင်မှာယူနိုင်ပါပြီ။ စောစော ဝယ်ယူသူတွေအတွက် ၂၈၉ ယွမ် သတ်မှတ်ထားပြီး ၅ သောင်းခွဲလောက်ကျသင့်မှာပါ။ တချို့ တရုတ် စတိုးတွေကတော့ ကြိုတင်မှာယူသူတွေအတွက် ၂၀ ယွမ် လျှော့ဈေးပေးထားပါတယ်။ စတိုးတွေက Nokia 215 4G ကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရောင်းချမယ်လို့ သတင်းပေးထားပါတယ်။

Nokia 225 4G ရဲ့ သတင်းအချက်အလက်တွေကိုတော့ လက်ရှိမှာ သိပ်မသိရသေးပါဘူး။ ဒါပေမယ့် ၃၄၉ ယွမ် သတ်မှတ်ထားပြီး ၆ သောင်း ၆ ထောင်လောက် ကျသင့်မှာပါ။ အရောင်အနေနဲ့ Black , Blue နဲ့ Gold ၃ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရောင်းချမယ်လို့ ထင်ရပါတယ်။

Ref : gsmarena