HMD Global က လျှို့ဝှက်နာမည် Doctor Strange လို့ ပေးထားတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပြီး Nokia 3.4 နာမည်နဲ့ ကြေညာနိုင်ပါတယ်။ အဲဒီ ဖုန်းဟာ Nokia 2.4 လိုပဲ “.4” Series ဖြစ်ပါတယ်။

အခုတော့ Nokia 3.4 ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး Chipset ကို “Qualcomm Qualcomm” လို့ ဖော်ပြထားတဲ့အတွက် မော်ဒယ်ကို မသိရသေးပါဘူး။ ရမှတ်က Vivo Y20 နဲ့ တူနေတဲ့အတွက် Nokia 3.4 မှာ Snapdragon 460 Chipset ထည့်သွင်းထားနိုင်ပါတယ်။

Y20 Motherboard ကို “Bengal” လို့ ဖော်ပြထားပြီး အဲဒီနာမည်ဟာ S662 နဲ့ ဆက်စပ်နေပါတယ်။ အဲဒီ Chip ၂ ခုစလုံးဟာ တော်တော်တူပြီး Clock Speed ပဲ ကွာခြားတာပါ။ 662 က ပိုကောင်းတာသေချာပါတယ်။ Nokia 3.4 မှာ 2.4 ရဲ့ Helio P22 Chipset ထက် ပိုကောင်းတဲ့ Cortex-A73 Core ၄ လုံး ပါလာနိုင်ပါတယ်။ 3 Series မော်ဒယ်မှာ RAM ပိုများပြီး စမ်းသပ်တဲ့ မော်ဒယ်မှာ 3GB RAM ထည့်ထားပါတယ်။

အဲဒါအပြင် Nokia ရဲ့ စွမ်းရည်သင့် 6.3 နဲ့ 7.3 ဖုန်း ၂ လုံးကိုလည်း စက်တင်ဘာလ ၃ ရက်နေ့ ကျင်းပမယ့် IFA မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena