HMD Global က Nokia 2.4 နဲ့ Nokia 3.4 တန်ဖိုးနည်း စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက မကြာခင်မှာလည်း Nokia 5.4 ကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ အခု ပေါက်ကြား သတင်းအသစ် အရ Nokia 4.3 ကို လာမယ့် ရက်ပိုင်းအတွင်း မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

Nokia 4.3 3D CAD Renders Featured

91Mobiles က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး အဲဒီဖုန်းရဲ့ 3D CAD ဓါတ်ပုံတွေကိုလည်း ချပြလိုက်ပါတယ်။ Nokia 4.3 မှာ ၆.၅ လက်မ မျက်နှာပြင်ပြား တပ်ဆင်ထားမှာ ဖြစ်ပြီး အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး LED Flash ၁ လုံး ပါလာပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

Nokia 4.3 3D CAD Render 02

အောက်ခြေမှာ USB Type-C Port ၊ စပီကာ အပေါက်၊ ပင်မ မိုက်ကရိုဖုန်းနဲ့ 3.5mm Headphone Jack ပါလာပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အရင်မျိုးဆက် Nokia 4.2 မှာလို Google Assistant Button မပါလာတာပါ။ ဘယ်ဘက်ခြမ်းမှာ SIM Card Slot နဲ့ ညာဘက်မှာ ပါဝါ၊ အသံခလုတ်တွေ တပ်ဆင်ထားပါတယ်။

Nokia 4.3 3D CAD Render 04

အပို မိုက်ကရိုဖုန်း ၁ လုံးလည်း ထည့်သွင်းထားပြီး အရွယ်အစား အပြည့်အစုံမှာ 162.9 x 77.1 x 10.5mm ဖြစ်ပါတယ်။

Nokia 4.3 ရဲ့ Specifications ပြည့်ပြည့်စုံစုံကို မသိရသေးပါဘူး။ မကြာခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်လာမှာပါ။

Ref : gizmochina

https://www.youtube.com/watch?v=9U8g3K4k4g4