Nokia ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကြရင် Barcelona မှာကျင်းပမယ့် Mobile World Congress (MWC 2020) မှာ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Event မှာပြသသွားမယ့် Nokia 5.2 စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါ Nokia 5.2 ဟာ Codename အနေနဲ့ကတော့ Caption America လို့ နာမည်ပေးထားပြီးတော့ ဒါကလည်း နောက်ဖက်က Quad Camera Design က Captain America ရဲ့ Shield ပုံစံဖြစ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။

Nokia 5.2 စမတ်ဖုန်းဟာ နောက်ဖက်မှာတော့ Quad Camera Setup ကို အသုံးပြုထားပေမယ့် ဖုန်းရဲ့ ရှေ့ဘက်ကတော့ ပုံမှန် Waterdrop Notch Display ပဲ ပါဝင်မှာဖြစ်ပါတယ်။ Quad Camera Setup ရဲ့ အောက်မှာ FIngerprint Sensor ပါဝင်လာမယ့်အတွက် Under Display Fingerprint တော့ပါဝင်လာနိုင်ဖွယ်မရှိပါဘူး။

Nokia 6.2 စမတ်ဖုန်းဟာ Qualcomm Snapdragon 632 Processor ၊ RAM 6GB နဲ့ 64GB Storage ပါဝင်မှာဖြစ်ပြီး Software ပိုင်းကိုမှ Android 10 နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

ယခု Nokia 5.2 စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁၈၀ (မြန်မာငွေ ၂ သိန်း ၆ သောင်းဝန်းကျင်) ရှိမှာဖြစ်တဲ့အတွက် Budget ဖုန်းတစ်လုံးအနေနဲ့ဆိုရင် တော်တော်လေးမဆိုးဘူးလို့ ပြောရမှာပါ။

Ref – Phone Arena