Nokia 8000 4G ရဲ့ ဓါတ်ပုံနဲ့ Specs တွေ စတင် ထွက်ပေါ်လာပြီ ဖြစ်ပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ မူလ ပထမ 8000 Series တွေကလို Slide-out Keypad ဒီဇိုင်း မဟုတ်ပါဘူး။ ဒီဇိုင်း အသစ်က သမားရိုးကျ Featurephone တွေနဲ့ ပိုတူပါတယ်။ ဒါပေမယ့် အလန်းစား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ ကီးဘုတ် အပါအဝင် ဖုန်းရဲ့ ဘေးဘက်တွေဟာ ကွေးညွှတ် ဒီဇိုင်း ဖြစ်ပြီး ဖုန်း ၁ ခုလုံးကို ဖန်နဲ့ ဖုံးအုပ်ထားတဲ့ ဒီဇိုင်းနဲ့ တူအောင် ပြုလုပ်ထားတာက ခေတ်ပေါ် စမတ်ဖုန်းတွေနဲ့ တူနေပါတယ်။

8000 4G မှာ KaiOS မောင်းနှင်ထားပြီး WhatsApp နဲ့ Facebook App တွေကို အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ 4G ဆက်သွယ်မှုကို WiFi Hotspot ကနေ တခြား Device တွေနဲ့ မျှဝေနိုင်ပြီး Dual SIM Version ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

Nokia 8000 4G: HMD belebt alte Serie von Edel-Handys neu - Alle Infos - WinFuture.de

ဖုန်းမှာ ၂.၈ လက်မ LCD 240x320p မျက်နှာပြင် ထည့်သွင်းထားပြီး Snapdragon 210 Chipset မောင်းနှင်ထားပါတယ်။ 512MB RAM နဲ့ 4GB Internal Storage ထည့်သွင်ထားပြီး microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ပိုသိမ်းနိုင်ပါတယ်။

ဘက်ထရီက 1500mAh ဖြစ်ပြီး ဖြုတ်တပ်နိုင်ပါတယ်။ ဒါပေမယ့် microUSB Port ကနေပဲ အားသွင်းနိုင်မှာ ဖြစ်ပြီး 2MP ကင်မရာပဲ ပါလာတာကလည်း သိပ်မကောင်းပါဘူး။ ဒါ့အပြင် HMD Global က ၂၀၀၆ ခုနှစ်ထုတ် စွမ်းရည်သင့် ဖုန်းကို ပြန်လည် အသက်သွင်းထားတဲ့ Nokia 6300 4G ကိုလည်း ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena