Nokia 7.3 ဟာ ဒီစက်တင်ဘာလကုန်မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း လွဲချော်ခဲ့ပါတယ်။ အလားတူပဲ Nokia 9.3 PureView ကလည်း သတင်းတွေထွက်ခဲ့ပေမယ့် အခုအချိန်ထိ တရားဝင်ထွက်ပေါ်လာသေးတာမဟုတ်ပါဘူး။

တရားဝင်မဟုတ်တဲ့ သတင်းတွေအကြိမ်ကြိမ်ထွက်လာခဲ့ပြီးတဲ့နောက် HMD Global ဟာ စမတ်ဖုန်းတွေရဲ့ စမ်းသပ်မှုအဆင့်ကို အဆုံးသတ်ခဲ့ပြီဖြစ်ပြီး အလုံးအရင်းလိုက်ထုတ်လုပ်မှုကို စက်တင်ဘာလ ဒါမှမဟုတ် အောက်တိုဘာလထဲမှာ စတင်မယ်လို့ သတင်းထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

လတ်တလောခန့်မှန်းရသလောက်ကတော့ Nokia 9.3 နဲ့ Nokia 7.3 တို့ဟာ နိုဝင်ဘာလထဲမှာ ထွက်ပေါ်လာဖွယ်ရှိပါတယ်။ Nokia 6.3 နဲ့ အတူတွဲပြီး မိတ်ဆက်လာမလားဆိုတာတော့ မသိနိုင်သေးပါဘူး။ Nokia 9.3 PureView ဟာ ZEISS မှန်ဘီလူးနဲ့ဖြစ်ပြီး Snapdragon 865 chipset, 120Hz OLED မျက်နှာပြင် တပ်ဆင်ထားမယ်လို့ သိရပါတယ်။ 108MP အဓိကကင်မရာနဲ့ 64MP secondary sensor တွေလည်း တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။

Nokia 7.3 ကတော့ Snapdragon 690 chipset နဲ့ဖြစ်ပြီး 5G ချိတ်ဆက်အသုံးပြုနိုင်တဲ့ အလယ်အလတ်တန်းစား ဟန်းဆက်တစ်ခု ဖြစ်ပါတယ်။ Screen refresh rate ကတော့ 90Hz ဒါမှမဟုတ် 120Hz ဖြစ်ဖွယ်ရှိပါတယ်။ ZEISS optic (48MP main camera + 12MP ultrawide + 2MP modules) တွေပါဝင်တဲ့ ကင်မရာလေးလုံးကို ကျောဘက်မှာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။

OnLeaks က ဖော်ပြထားတဲ့ Render တွေအရ မျက်နှာပြင်မှာ 24MP punch-hole selfie ကင်မရာ တပ်ဆင်ထားသလို Fingerprint scanner ကလည်း ကျောပြင်ပေါ်မှာ ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် USB-C port နဲ့ 3.5mm headphone jack တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena