Nokia 9.3 PureView နဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်သတင်းတစ်ခုကတော့ ဒီဖုန်းမှာ 120Hz Refresh Rate နဲ့ Display တစ်ခု ပါဝင်လာမယ်ဆိုတာပါပဲ။ သူ့အမျိုးအစားက LCD ဖြစ်မလား၊ OLED ဖြစ်မလား ဆိုတာတော့ မသိရသေးပေမယ့် Under-display ဆဲလ်ဖီကင်မရာကိုလည်း မြင်ရမယ်လို့ဆိုထားတဲ့အတွက် OLED Panel ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Nokia 9.3 PureView စမတ်ဖုန်းဟာ သမာရိုးကျနိုင်တဲ့ ကင်မရာအတွဲတွေကိုလည်း စွန့်လွှတ်ခဲ့မှာဖြစ်ပြီး Samsung ရဲ့ 108MP ကင်မရာတစ်လုံးကို အဓိက Sensor အဖြစ် သုံးစွဲလာမယ်လို့ဆိုပါတယ်။ နောက်ထပ် 64MP ကင်မရာ တစ်လုံးလည်း ထပ်ပါဦးမှာဖြစ်ပါတယ်။

ယခင်သတင်းတွေမှာ HMD ဟာ Nokia 9.3 အတွက် 24MP, 20MP နဲ့ 48MP Sensor တွေကို အရင်စမ်းသပ်ကြည့်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒီစမတ်ဖုန်းဟာ သြဂုတ် သို့မဟုတ် စက်တင်ဘာလောက်မှာ ထွက်လာဖို့ မျှော်လင့်ထားပါတယ်။

Nokia 9.3 PureView ဟာ အကြိမ်ကြိမ်နှောင့်နှေးခဲ့ပြီးသားပါ။ ဒီဖုန်းကို Nokia 9.1 အဖြစ် စတင်ခဲ့ပေမယ့် မထွက်ရှိနိုင်ခဲ့ဘဲ Nokia 9.2 ကနေ အခု Nokia 9.3 ထိ ရောက်လာခဲ့ပါတယ်။ မကြာခဏ နောက်ဆုတ်ခဲ့ရတဲ့အတွက် မူရင်း Snapdragon 855 ချစ်ပ်ဆက်သုံးဖို့ စီစဉ်ထားတာကနေ အခု Snapdragon 865 သို့ ပြောင်းလဲသွားရတယ်လို့ ဆိုပါတယ်။

Ref – GSM Arena