အနောက်နိုင်ငံက ကုမ္ပဏီများစွာဟာ ရုရှားကို စွန့်ခွာသွားကြပြီ ဖြစ်ပါတယ်။ နိုင်ငံ အစိုးရတွေက အဲဒီလိုလုပ်ဖို့ တောင်းဆိုခဲ့ကြသလို စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်လည်း အခုလို စွန့်ခွာခဲ့ကြတာပါ။ အခုတော့ ပူတင်ရဲ့ နိုင်ငံကို စွန့်ခွာတော့မယ့် ကုမ္ပဏီတွေထဲမှာ Nokia နဲ့ Ericsson တို့လည်း ပါလာပါပြီ။ Reuters က အဲဒီ ကုမ္ပဏီတွေဟာ လာမယ့် လအနည်းငယ်အတွင်း ရုရှားမှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လျှော့ချတော့မယ်လို့ ပြောပါတယ်။

Nokia and Ericsson in Russia

ဧပြီလမှာ Ericsson က ရုရှားမှာ လုပ်ငန်းတွေ ရပ်နားမယ်လို့ ကြေညာခဲ့ပါတယ်။ Nokia ကလည်း ရုရှားကနေ အပြီးအပိုင် ထွက်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

Russia

Nokia ရဲ့ ပြောရေးဆိုခွင့် ရှိသူ ၁ ယောက်က “ ဒီနှစ်ကုန်မှာ ရုရှားက ဝန်ထမ်းများစွာဟာ Nokia ကနေ ထွက်ခွာမှာ ဖြစ်ပြီး ရုံးအားလုံးကို ပိတ်မှာပါ။ ဥပဒေ မပြဌာန်းခင် ရုရှားမှာ ပုံမှန်လောက်ပဲ တည်ရှိတော့မှာ ဖြစ်ပါတယ်။ “ လို့ တနင်္လာနေ့က ပြောပါတယ်။

Ericsson ဟာ ဒီနှစ် အစောပိုင်းမှာ ရုရှား ဝန်ထမ်းတွေကို လစာပေးကာ ခွင့်ယူစေခဲ့ပြီး ရုရှားမှာ ကုမ္ပဏီဟာ ဝန်ထမ်း ၄၀၀ လောက်ရှိပါတယ်။ Nokia ကတော့ ရုရှားမှာ ဝန်ထမ်း ၂,၀၀၀ လောက် ရှိပါတယ်။

Ericsson နဲ့ Nokia တို့ ရုရှားကနေ အပြီးအပိုင် စွန့်ခွာတော့မယ်ဆိုရင် ရုရှားရဲ့ မိုဘိုင်း အော်ပရေတာတွေ ဖြစ်တဲ့ MTS နဲ့ Tele2 တို့ဟာ Huawei နဲ့ ZTE တို့လို တရုတ် ကုမ္ပဏီတွေအပေါ် ပိုမို မှီခိုလာရမှာပါ။

Ref : gizchina