ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက Nokia ဟာ ဈေးနှုန်းချိုသာလွန်းတဲ့ စမတ်ဖုန်း C1 ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဘတ်ဂျက်စမတ်ဖုန်းဟာ Android Go ဖြစ်ပြီး 5.45-inch အရွယ်အစား မျက်နှာပြင်နဲ့ ကျစ်လျစ်တဲ့ အရွယ်အစားရှိသလို ဈေးနှုန်းကလည်း မြန်မာငွေကျပ် တစ်သိန်းအောက်သာ ရှိခဲ့ပါတယ်။

Nokia C1 ဖြန့်ချိပြီးလို့ တစ်နှစ်နီးပါးကြာပြီးသွားချိန်မှာ ကုမ္ပဏီဟာ C1 ကိုဆက်ခံမယ်လို့ယူဆရတဲ့ နောက်ထပ်စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ဖို့ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ EEC ရဲ့ Listing မှာတွေ့မြင်ရတာကတော့ မော်ဒယ်နံပါတ် TA-1312 နဲ့ဖြစ်ပြီး ဒါဟာ Nokia C1 Plus ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

Nokia C1 Plus ကလည်း 5.45-inch အရွယ်အစား မျက်နှာပြင်ကိုပဲ ဆက်လက်အသုံးပြုပြီး HD+ resolution နဲ့ဖြစ်ပါတယ်။ ခပ်ထူထူ Bezel ပေါ်မှာတော့5MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာရှိတဲ့ အဓိကကင်မရာကလည်း 5MP ပဲ ဖြစ်မယ်လို့ သိရပါတယ်။

အခြားအစိတ်အပိုင်းတွေအနေနဲ့ C1 Plus မှာ 1.4GHz နှုန်းနဲ့အသုံးပြုနိုင်မယ့် Octa-core CPU ကို အသုံးပြုထားမယ်လို့မျှော်လင့်ရပြီး 1GB of RAM နဲ့ 16GB storage တို့ကို ထောက်ပံ့ပေးထားမယ်လို့ ဆိုပါတယ်။ ဘက်ထရီပမာဏကတော့ 2,500mAh ဖြစ်မယ်လို့ သိရပါတယ်။ C1 Plus ရဲ့ ခန့်မှန်အရွယ်အစားကတော့ 149.1mm x 71.2mm x 8.75mm ဖြစ်ပါတယ်။

Nokia C1 Plus ကို အနီရောင်နဲ့ အပြာရောင်နှစ်မျိုးထုတ်လုပ်ထားပြီး၊ ဒီလနှောင်းပိုင်းမှာ ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။ C1 Plus ရဲ့ ဈေးနှုန်းနဲ့ပတ်သက်တဲ့ အချက်အလက်ကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena