Nokia ဟာ စမတ်ဖုန်းလောကမှာ အောင်မြင်မှု ပျောက်ဆုံးနေတာ တော်တော်ကြာနေပါပြီ။ အဲဒီအတွက် ကုမ္ပဏီဟာ Audio ထုတ်ကုန်တွေကို အဓိက ထားထုတ်လုပ်လာပါတယ်။ လာမယ့် လအနည်းငယ်အတွင်းမှာ နားကြပ်အသစ်တွေကို ချပြတော့မယ်လို့ ထင်ပါတယ်။ TWS နားကြပ် အသစ် ၂ ခု ဖြစ်တဲ့ Nokia Clarity Solo Buds+ နဲ့ Nokia Go Earbuds+ ကို FCC မှာ တွေ့လာရပြီ ဖြစ်ပြီး ဒီဇိုင်းနဲ့ အဓိက လုပ်ဆောင်ချက်တွေကို သိလာရပါပြီ။

Nokia Clarity Solo Buds+ Nokia Go Earbuds+ 3Nokia Clarity Solo Buds+ Nokia Go Earbuds+ 2Nokia Clarity Solo Buds+ Nokia Go Earbuds+

FCC က စာရင်းအရ Nokia Clarity Solo Buds+ ရဲ့ ဒီဇိုင်းဟာ TWS နားကြပ်တွေထဲမှာ ရှားပါးပါတယ်။ Bluetooth Receiver ၁ ခုထဲပါတဲ့ ရှေးတုန်းက ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ Stem တစ်ခု ပါလာပြီး နားထဲထည့်သွင်းဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Stem မှာ စွယ်စုံသုံးနိုင်တဲ့ ခလုတ်တွေ ထည့်သွင်းထားပြီး ခလုတ်တစ်ချက်နှိပ်တာနဲ့ သီချင်း ရပ်တာ၊ ဖွင့်တာ၊ ဖုန်းဖြေတာနဲ့ ဖုန်းချတာတွေ ပြုလုပ်နိုင်ပါတယ်။ Stem ကို အကြာကြီး ဖိထားရင် Voice Assistant ကို ဆင့်ခေါ်ပေးမှာ ဖြစ်ပါတယ်။ နားကြပ်မှာ Pairing နဲ့ ဘက်ထရီ အခြေအနေကို ပြသပေးတဲ့ Indicator Light နဲ့ အားသွင်းဖို့ USB Type-C Port တပ်ဆင်ထားပါတယ်။

Nokia Clarity Solo Buds+ Nokia Go Earbuds+ 5

Nokia Clarity Solo Buds+ Nokia Go Earbuds+ 4

Nokia Go Earbuds+ အကြောင်းပြောရရင် ဒီဇိုင်းက Apple AirPods Pro နဲ့ တူပါတယ်။ ပုံကြမ်းအရ နားထဲထည့်သွင်းဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး ပါးလွှာတဲ့ Stem ပါပါတယ်။ Nokia Clarity Solo Buds+ မှာလို Touch Controls တွေ ထည့်သွင်းထားပါတယ်။

Go Earbuds+ မှာ အသံထိန်းချုပ်ခလုတ်ကို နားကြပ်မှာ တပ်ဆင်ထားပြီး နားကြပ်ကို နှစ်ချက်နှိပ်ရင် အသံ အတိုး၊ အလျှော့လုပ်ပေးမှာပါ။ Charging Case ပါလာပြီး USB Type-C Port ထောက်ပံ့ထားပါတယ်။

Nokia Clarity Solo Buds+ နဲ့ Nokia Go Earbuds+ အတွက် နားကြပ်ထိပ်ဖူး အရွယ်အစား များစွာ ထုတ်လုပ်ထားမှဖြစ်ပြီး FCC ကို ရောက်လာပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gizmochina