Nokia က တန်ဖိုးနည်း 5G စမတ်ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ Nokia G50 5G လို့ နာမည်ပေးထားပြီး Android 11 မောင်းနှင်ထားပါတယ်။ ၆.၈၂ လက်မ LCD HD+ မျက်နှာပြင် ပါလာပြီး Snapdragon 480 Processor ထည့်သွင်းထားပါတယ်။

Nokia G50 unveiled with Snapdragon 480, 6.81'' HD+ display and a 48 MP camera

အနောက်ဘက်မှာ 48MP Main , 5MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး HMD က ဘက်ထရီ သက်တမ်းဟာ ၂ ရက်ကြာ အသုံးခံတယ်လို့ ပြောပါတယ်။

The Nokia G50 will be available in Midnight Sun and Ocean Blue

Nokia G50 5G မှာ 3.5mm Headphone Jack , FM Radio Receiver , Bluetooth 5.0 , WiFi 6 , GPS နဲ့ NFC ဆက်သွယ်မှုတွေ ထည့်သွင်းထားပြီး USB-C Port ပါပါတယ်။ ပါဝါခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Google Assistant ကို ဆင့်ခေါ်ဖို့ သီးခြား ခလုတ် ၁ ခု ပါပါတယ်။

Nokia G50 5G အတွက် 4/64GB နဲ့ 6/128GB Version ၂ မျိုး ထုတ်လုပ်ထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၇၀ ယူရို သတ်မှတ်ထားပြီး ၅ သိန်း ၈ သောင်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ စတင် ရောင်းချပေးမှာ ဖြစ်ပြီး G Series ဖြစ်တဲ့အတွက် ၂ နှစ်ကြာ OS Update နဲ့ ၃ နှစ်ကြာ Security Update တွေ ရရှိမှာ ဖြစ်ပါတယ်။

Ref : gsmarena