Nokia ဟာ အခုနောက်ပိုင်းမှာ Flagship ဖုန်းတွေထက် Budget နဲ့ Mid-Range ဖုန်းတွေကိုပဲ ဦးစားပေးထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း Nokia ကနေ နောက်ထပ် Budget ဖုန်းတစ်လုံးကို မိတ်ဆက်ဖို့ရှိနေပြီးတော့ အခုအချိန်မှာဆိုရင် Specification တွေပေါက်ကြားလာပြီဖြစ်ပါတယ်။

အဆိုပါ Nokia ဖုန်းကတော့ Nokia G50 လို့နာမည်ပေးထားပြီးတော့ Benchmarking Website တစ်ခုဖြစ်တဲ့ GeekBench မှာ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ Specs တွေအနေနဲ့ကတော့ Qualcomm Snapdragon 480 Chipset ကို အသုံးပြုထားပြီး RAM 2GB ၊ 6GB နဲ့ 8GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ RAM ပေါ်မှုတည်ပြီး Storage ကလည်း 64GB ၊ 128GB ၊ 256GB နဲ့ 512GB ဆိုပြီး ထွက်ရှိထားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Qualcomm Snapdragon 480 Chipset ကို အသုံးပြုထားတာကြောင့် Nokia G50 ဖုန်းဟာ 5G Network ကို Support ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ Nokia G50 ဟာ Nokia ဖုန်းတွေထဲမှာ စျေးအသက်သာဆုံး 5G ဖုန်းဖြစ်လာနိုင်ပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ 6.82″ HD+ Display ကို အသုံးပြုထားပြီး Back Camera ကို 48MP Sensor နဲ့ 8MP Selfie Camera ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ စျေးနှုန်းကိုတော့ အတိအကျမသိရသေးပေမယ့် RAM 4GB ၊ 64GB Version ကို ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China