[Unicode]

ဒီရက်ပိုင်းအတွင်း Nokia နဲ့ပတ်သက်ပြီး ကြားနေရတဲ့သတင်းတွေက Nokia 1.3 နဲ့ Nokia 5.2 တို့ကို MWC 2020 မှာ မိတ်ဆက်မယ်ဆိုတာပါပဲ။ Snapdragon 865 နဲ့ Nokia 9.2 ကလည်း ဒီနှစ်ရဲ့ ပထမနှစ်ဝက်ထဲမှာ ပွဲထွက်လာနိုင်တယ်လို့ သတင်းထွက်ထားပြန်ပါသေးတယ်။

Nokia နဲ့ပတ်သက်တဲ့ ပေါက်ကြားသတင်းတွေကို ထုတ်ပေးလေ့ရှိတဲ့ ရင်းမြစ်တစ်ခုက စိတ်ဝင်စားစရာကောင်းတဲ့ ကောလာဟလတစ်ခုကို ထပ်ပြီးလွှင့်လိုက်ပြန်ပါတယ်။ အဲဒါကတော့ Nokia ဟာ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ Foldable ဖုန်းကို မိတ်ဆက်လာမယ်ဆိုတဲ့ သတင်းပါ။

HMD Global ဟာ ၂၀၂၀ နှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် ၂၀၂၁ အစောပိုင်းမှာ Foldable ဖုန်းကို မိတ်ဆက်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ထားဖူးတာကြောင့် Nokia Foldable ဆိုတာ တကယ်လည်း ဖြစ်လာနိုင်ပါတယ်။ ဒီသတင်းဟာ အခုထိ ကောလာဟလပဲဆိုပေမယ့် Foldable ကို တကယ်ပဲ ထုတ်မယ်ဆိုရင် လာမယ့် MWC 2020 (Mobile World Congress) မှာတော့ အရိပ်အယောင် တစ်ခုခု မြင်တွေ့လာရနိုင်ပါတယ်။

သတင်းရင်းမြစ်ကတော့ ပထမဆုံးရှေ့ပြေးပုံစံကို ၂၀၁၉ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်ကတတည်းက ရရှိခဲ့ပြီဖြစ်သလို HMD Global ကလည်း အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီဘက်ကတော့ သတင်းအစအန တစ်ခုတလေမှ မထုတ်သေးတာကြောင့် ခိုင်မာတဲ့သက်သေပြစရာ မရှိသေးဘူးလို့ပဲ ဆိုရမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလောက်တုန်းကလည်း Nokia X Fold ဆိုတဲ့နာမည်နဲ့ ကောလာဟလသတင်းတွေ ထွက်ခဲ့ဖူးပါသေးတယ်။ အခုတစ်ခါ ထပ်ပြီး အသံထွက်လာပြန်ပြီဆိုတော့ ဒီကောလာဟလဟာ Nokia Fan တွေအတွက်တော့ တိတ်တိတ်လေး ကြိတ်ပြီးရင်ခုန်ရမယ့် ကောလာဟလပဲ ဖြစ်ပါလိမ့်မယ်။

Ref: Gizmochina

[Zawgyi]

၂၀၂၀ ႏွစ္ကုန္ပိုင္းမွာ Nokia Foldable ကို ျမင္ရဖြယ္ရွိေၾကာင္း ေကာလာဟလထြက္ေပၚလာ

ဒီရက္ပိုင္းအတြင္း Nokia နဲ႔ပတ္သက္ၿပီး ၾကားေနရတဲ့သတင္းေတြက Nokia 1.3 နဲ႔ Nokia 5.2 တို႔ကို MWC 2020 မွာ မိတ္ဆက္မယ္ဆိုတာပါပဲ။ Snapdragon 865 နဲ႔ Nokia 9.2 ကလည္း ဒီႏွစ္ရဲ႕ ပထမႏွစ္ဝက္ထဲမွာ ပြဲထြက္လာႏိုင္တယ္လို႔ သတင္းထြက္ထားျပန္ပါေသးတယ္။

Nokia နဲ႔ပတ္သက္တဲ့ ေပါက္ၾကားသတင္းေတြကို ထုတ္ေပးေလ့ရွိတဲ့ ရင္းျမစ္တစ္ခုက စိတ္ဝင္စားစရာေကာင္းတဲ့ ေကာလာဟလတစ္ခုကို ထပ္ၿပီးလႊင့္လိုက္ျပန္ပါတယ္။ အဲဒါကေတာ့ Nokia ဟာ ၂၀၂၀ ႏွစ္ကုန္ပိုင္းေလာက္မွာ Foldable ဖုန္းကို မိတ္ဆက္လာမယ္ဆိုတဲ့ သတင္းပါ။

HMD Global ဟာ ၂၀၂၀ ႏွစ္ကုန္ပိုင္း၊ ဒါမွမဟုတ္ ၂၀၂၁ အေစာပိုင္းမွာ Foldable ဖုန္းကို မိတ္ဆက္ႏိုင္ဖို႔ ႀကိဳးစားေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ထားဖူးတာေၾကာင့္ Nokia Foldable ဆိုတာ တကယ္လည္း ျဖစ္လာႏိုင္ပါတယ္။ ဒီသတင္းဟာ အခုထိ ေကာလာဟလပဲဆိုေပမယ့္ Foldable ကို တကယ္ပဲ ထုတ္မယ္ဆိုရင္ လာမယ့္ MWC 2020 (Mobile World Congress) မွာေတာ့ အရိပ္အေယာင္ တစ္ခုခု ျမင္ေတြ႕လာရႏိုင္ပါတယ္။

သတင္းရင္းျမစ္ကေတာ့ ပထမဆုံးေရွ႕ေျပးပုံစံကို ၂၀၁၉ ခုႏွစ္၊ ႏွစ္လယ္ပိုင္းေလာက္ကတတည္းက ရရွိခဲ့ၿပီျဖစ္သလို HMD Global ကလည္း အတည္ျပဳခဲ့ၿပီးျဖစ္တယ္လို႔ အခိုင္အမာ ေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း ကုမၸဏီဘက္ကေတာ့ သတင္းအစအန တစ္ခုတေလမွ မထုတ္ေသးတာေၾကာင့္ ခိုင္မာတဲ့သက္ေသျပစရာ မရွိေသးဘူးလို႔ပဲ ဆိုရမွာပါ။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဧၿပီေလာက္တုန္းကလည္း Nokia X Fold ဆိုတဲ့နာမည္နဲ႔ ေကာလာဟလသတင္းေတြ ထြက္ခဲ့ဖူးပါေသးတယ္။ အခုတစ္ခါ ထပ္ၿပီး အသံထြက္လာျပန္ၿပီဆိုေတာ့ ဒီေကာလာဟလဟာ Nokia Fan ေတြအတြက္ေတာ့ တိတ္တိတ္ေလး ႀကိတ္ၿပီးရင္ခုန္ရမယ့္ ေကာလာဟလပဲ ျဖစ္ပါလိမ့္မယ္။

Ref: Gizmochina