HMD Global က ပြီးခဲ့တဲ့လမှာ Nokia T20 တက်ဘလက်ကို နိုင်ငံများစွာမှာ ရောင်းချပေးခဲ့ပြီး အခုတော့ ကုမ္ပဏီက Nokia T20 Education Edition ကို ချပြလိုက်ပါတယ်။ ဒီဇင်ဘာလမှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးနှုန်း မသိရသေးပါဘူး။

Nokia T20 Education Edition

နာမည်အတိုင်းပဲ ကျောင်းသားတွေ စာသင်ကြားဖို့ ရည်ရွယ်ဖန်တီးထားတဲ့ တက်ဘလက် ဖြစ်ပြီး ၁၀.၄ လက်မ 2K 1200x2000p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Swiss SGS Low Blue Light Certification ရထားတဲ့အပြင် Eye Protection Mode နဲ့ Eye Exercises ပါတဲ့အတွက် မျက်လုံး ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ လုပ်ဆောင်ချက်တွေ တော်တော်များများ ထည့်ပေးထားတာပါ။ တက်ဘလက် ထိုင်ကြည့်နေတဲ့ ကိုယ်နေဟန်ထားကို မှန်ကန်အောင် ပြသပေးတဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

Nokia T20 Education Edition Tablet is Out!!! See Full Specifications Inside - TECH LOVERRS

Octa-core Unisoc T610 Processor မောင်းနှင်ထားပြီး 4GB RAM ၊ 64GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။

တက်ဘလက်မှာ အခြေခံ၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေအတွက် Teaching Aids ၉ ခု ထည့်သွင်းပေးထားပြီး အပို App တွေ ထည့်သွင်းတာ၊ သင်ခန်းစာ ဝယ်ယူတာတွေ မလိုအပ်ပါဘူး။ ကုမ္ပဏီက သင်ခန်းစာတွေကို အမြဲ Update လုပ်ပေးမယ်လို့ ပြောပါတယ်။ ဘာသာစကားမျိုးစုံကြားမှာ ဘာသာပြန်တာ၊ စာအုပ်တွေကို အသံထွက်ဖတ်ပြတာ စတဲ့ လုပ်ဆောင်ချက်တွေလည်း တက်ဘလက်မှာ ထည့်သွင်းထားပါတယ်။

Parental Controls အနေနဲ့ မိဘတွေက သားသမီး တက်ဘလက် အသုံးပြုမှုကို WeChat ကနေ အချိန်မရွေး ကြည့်ရှုစစ်ဆေးနိုင်ပြီး App တွေ ပိတ်တာ၊ Uninstall လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဂိမ်းတွေ အလိုလို Download လုပ်တာကို တက်ဘလက်က ပိတ်ပင်ပေးထားပါတယ်။

တက်ဘလက်မှာ 8,200mAh ဘက်ထရီနဲ့ 15W PD Fast Charging ထောက်ပံ့ထားပေမယ့် ဘူးထဲမှာ 10W Charger ပဲ ထည့်ပေးထားပါတယ်။ မကြာခင်မှာ ကုမ္ပဏီက ဈေးနှုန်းကို ကြေညာတော့မှာပါ။

Ref : gizmochina