[Unicode]

HMD Global က ဒီနှစ်ထဲမှာ ဖုန်း အသစ် ၁ လုံးမှ မကြေညာရသေးပါဘူး။ ဒါပေမယ့် လာမယ့်လမှာ ကျင်းပမယ့် Mobile World Congress မှာ ဖုန်း မော်ဒယ် အသစ်တွေကို ကြေညာဖို့ရှိတယ်လို့ ထင်ရပါတယ်။ အခုတော့ TA-1207 Model Number ပေးထားတဲ့ Nokia ဖုန်း ၁ လုံးကို မှတ်ပုံတင်ထားပြီး Nokia 1(2020) a.k.a Nokia 1.3 ဖြစ်မယ်လို့ ထင်ရပါတယ်။

အဲဒီဖုန်းကို FCC မှာ မှတ်ပုံတင်ထားတာဖြစ်ပြီး အရွယ်အစား အပြည့်အစုံမှာ 146.56 x 70.46 Millimeters ဖြစ်မယ်လို့ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက် အရ သိရပါတယ်။ ကိုယ်ထည် အရွယ်အစား အရ အဲဒီဖုန်းရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၅.၇ လက်မနဲ့ ၅.၈ လက်မ အကြားမှာ ရှိနိုင်ပါတယ်။ FCC က အဲဒီဖုန်းမှာ 2920mAh ဘက်ထရီ ပါလာမယ်လို့ ဖော်ပြထားပြီး တကယ်တော့ 3000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။

အဲဒီဖုန်းဟာ စွမ်းရည်နိမ့် ဖုန်း ဖြစ်တဲ့အတွက် Nokia 1 ဖြစ်မယ်လို့ ထင်ရပါတယ်။ Nokia 2 Series တွေအတွက် မော်ဒယ် အသစ်ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီးပါပြီ။ Nokia 3 Series အတွက် မော်ဒယ် အသစ် မထွက်လာသေးပါဘူး။ Nokia 3.2 မှာ ၆.၂၆ လက်မ မျက်နှာပြင် ထည့်သွင်းထားတဲ့အတွက် အခုဖုန်းဟာ Nokia 3 Series အသစ် မဖြစ်နိုင်ပါဘူး။

Nokia 1.3 မှာ အရွယ်ကြီး ဘက်ထရီ ပါလာမယ့် အပြင် မျက်နှာပြင်ကလည်း အရင် မျိုးဆက်ထက် ပိုကြီးလာနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာတွေကလည်း ပိုကောင်းလာနိုင်ပြီး Android 10 Go Editiion မောင်းနှင်ထားနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Nokia 1.3 လို႔ ထင္ရတဲ့ ဖုန္းကို မွတ္ပုံတင္လိုက္ၿပီ

HMD Global က ဒီႏွစ္ထဲမွာ ဖုန္း အသစ္ ၁ လုံးမွ မေၾကညာရေသးပါဘူး။ ဒါေပမယ့္ လာမယ့္လမွာ က်င္းပမယ့္ Mobile World Congress မွာ ဖုန္း ေမာ္ဒယ္ အသစ္ေတြကို ေၾကညာဖို႔ရွိတယ္လို႔ ထင္ရပါတယ္။ အခုေတာ့ TA-1207 Model Number ေပးထားတဲ့ Nokia ဖုန္း ၁ လုံးကို မွတ္ပုံတင္ထားၿပီး Nokia 1(2020) a.k.a Nokia 1.3 ျဖစ္မယ္လို႔ ထင္ရပါတယ္။

အဲဒီဖုန္းကို FCC မွာ မွတ္ပုံတင္ထားတာျဖစ္ၿပီး အ႐ြယ္အစား အျပည့္အစုံမွာ 146.56 x 70.46 Millimeters ျဖစ္မယ္လို႔ မွတ္ပုံတင္ထားတဲ့ သတင္းအခ်က္အလက္ အရ သိရပါတယ္။ ကိုယ္ထည္ အ႐ြယ္အစား အရ အဲဒီဖုန္းရဲ႕ မ်က္ႏွာျပင္ အ႐ြယ္အစားဟာ ၅.၇ လက္မနဲ႔ ၅.၈ လက္မ အၾကားမွာ ရွိႏိုင္ပါတယ္။ FCC က အဲဒီဖုန္းမွာ 2920mAh ဘက္ထရီ ပါလာမယ္လို႔ ေဖာ္ျပထားၿပီး တကယ္ေတာ့ 3000mAh ဘက္ထရီ ျဖစ္ႏိုင္ပါတယ္။

အဲဒီဖုန္းဟာ စြမ္းရည္နိမ့္ ဖုန္း ျဖစ္တဲ့အတြက္ Nokia 1 ျဖစ္မယ္လို႔ ထင္ရပါတယ္။ Nokia 2 Series ေတြအတြက္ ေမာ္ဒယ္ အသစ္ကို ၿပီးခဲ့တဲ့ လက ေၾကညာခဲ့ၿပီးပါၿပီ။ Nokia 3 Series အတြက္ ေမာ္ဒယ္ အသစ္ မထြက္လာေသးပါဘူး။ Nokia 3.2 မွာ ၆.၂၆ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားတဲ့အတြက္ အခုဖုန္းဟာ Nokia 3 Series အသစ္ မျဖစ္ႏိုင္ပါဘူး။

Nokia 1.3 မွာ အ႐ြယ္ႀကီး ဘက္ထရီ ပါလာမယ့္ အျပင္ မ်က္ႏွာျပင္ကလည္း အရင္ မ်ိဳးဆက္ထက္ ပိုႀကီးလာႏိုင္ပါတယ္။ ဒါ့အျပင္ ကင္မရာေတြကလည္း ပိုေကာင္းလာႏိုင္ၿပီး Android 10 Go Editiion ေမာင္းႏွင္ထားႏိုင္ပါတယ္။

Ref : gizmochina