Nokia ဟာ MWC 2020 မှာ ထုတ်ကုန် အသစ်များစွာကို ကြေညာဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် MWC 2020 ကို ဖျက်သိမ်းလိုက်ပါပြီ။ အခုတော့ Nokia TA-1212 Device ရဲ့ သတင်းထွက်ပေါ်လာပြီး အဲဒီ ဖုန်းကို တရုတ် ဆက်သွယ်ရေးကော်မရှင် (TENAA) မှာ မှတ်ပုံတင်ထားပါတယ်။

TENAA ရဲ့ ဒေတာဘေ့စ်မှာ လက်ရှိအချိန်အထိ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေကို မပြသထားသေးပေမယ့် တချို့ Specs တွေကို တွေ့မြင်ရပါတယ်။ အဲဒီ ဖုန်းရဲ့ အရွယ်အစား အပြည့်အစုံဟာ 123.8×52.4×13.1mm ဖြစ်ပြီး ၈၈ ဂရမ် အလေးချိန်ရှိတဲ့အတွက် အရွယ်အစားနဲ့ ဒီဇိုင်းအပိုင်းမှာ လက်ရှိရောင်းထားတဲ့ Nokia 220 4G နဲ့ အများကြီး တူနိုင်ပါတယ်။ ၂.၄ လက်မ 240x320p Resolution မျက်နှာပြင် တပ်ဆင်ထားပြီး 1,200mAh ဘက်ထရီ ပါပါတယ်။

ဒါပေမယ့် အရင်မျိုးဆက် Feature ဖုန်းတွေထက် အားနည်းသွားတဲ့ Spec ပါလာတာက ထူးဆန်းပါတယ်။ အဲဒီဖုန်းမှာ 0.8MB RAM ပဲပါမယ်လို့ ဖော်ပြထားတဲ့အတွက် 220 4G ရဲ့  တစ်ဝက်လောက်ပဲရှိပါတယ်။ 16MB Storage က လက်ရှိရောင်းထားတဲ့ မော်ဒယ်ရဲ့ 24MB ထက် နည်းနေပါသေးတယ်။ ကင်မရာကတော့ အရင်မျိုးဆက်အတိုင်း 0.3MP ဖြစ်ပါတယ်။

MWC 2020 မှာ ကြေညာဖို့ ရည်ရွယ်ထားတဲ့ Nokia ရဲ့ စမတ်ဖုန်းတွေကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မိတ်ဆက်နိုင်ပြီး အဲဒီထဲမှာ TA-1212 လည်း ပါလာနိုင်ပါတယ်။

Ref : gsmarena