Unicode

Nokia ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက Penta-Camera Setup ကိုအသုံးပြုထားတဲ့ Nokia 9 PureView စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးတော့ ပထမဆုံး Flagship ဖုန်းတစ်လုံးအနေနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ Snapdragon 845 Processor ကို အသုံးပြုထားတဲ့အပြင် Camera ပိုင်းမှာလည်း တခြားသော Flagship ဖုန်းတွေကို မမှီတဲ့အတွက် Nokia အတွက် အောင်မြင်မှုမရရှိခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ခဲ့တယ်လို့တောင် ပြောရမှာပါ။

Nokia ကနေ အဆိုပါ Nokia 9 PureView ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Nokia 9.1 PureView ကို မိတ်ဆက်ဖို့ ပြုလုပ်နေခဲ့ပေမယ့် အဆိုပါ စမတ်ဖုန်းကိုလည်း တရားဝင်မိတ်ဆက်နိုင်ခြင်းမရှိခဲ့သလို အခုလည်း လာမယ့် ၂၀၂၀ ပထမနှစ်ဝက်အတွင်းမှာ Nokia 9.2 PureView စမတ်ဖုန်းကို မိတ်ဆက်လာမယ်ဆိုပြီး ပြောကြားလာပါတယ်။

ဒါပေမယ့် ဒီ Nokia 9.2 PureView မှာတော့ အစောပိုင်းကထွက်ရှိခဲ့တဲ့ Nokia 9 PureView လိုမျိုး Light Camera ကုမ္ပဏီနဲ့ ပူးပေါင်းမှာမဟုတ်တဲ့အတွက် Penta-Camera Setup အစား သာမန် Camera Setup ကိုပဲ အသုံးပြုလာနိုင်ပါတယ်။ ဒီအတွက်ကိုတော့ Nokia ကနေ Toshiba ကုမ္ပဏီနဲ့ ပူးပေါင်းပြီး စွမ်းဆောင်ရည်မြင့်မားတဲ Camera Performance ကို ရရှိအောင် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Nokia 9.2 PureView စမတ်ဖုန်းဟာ ဒီတကြိမ်မှာတော့ Qualcomm Snapdragon 865 Processor ကို အသုံးပြုလာမှာဖြစ်ပြီး 5G Support လည်း ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ Nokiamob.net ရဲ့ ပြောကြားချက်အရဆိုရင် Nokia 9.2 PureView ဖုန်းမှာ Bezel-less Display နဲ့ 32MP သို့မဟုတ် 48MP Selfie Camera ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဒီတစ်ကြိမ်မှာတော့ Nokia 9.2 PureView က Specs တွေအရတော့ Flagship Level ရှိမယ့်ပုံစံပါပဲ။

နောက်ထပ်သတင်းတစ်ခုကတော့ Nokia ကနေ ဒီ Nokia 9.2 PureView စမတ်ဖုန်းကို ဒေါ်လာ ၁,၀၀၀ ဝန်းကျင်အစား Nokia 8 လိုမျိုး High End စမတ်ဖုန်းတစ်လုံးရဲ့ စျေးနှုန်းဝန်းကျင်နဲ့ ရောင်းချသွားမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ကောင်းပြီး စျေးသက်သာတဲ့ Flagship ဖုန်းတစ်လုံးဖြစ်နိုင်ခြေပိုများနေပါတယ်။

Ref – Gizmo China

Zawgyi

Nokia ကေန ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက Penta-Camera Setup ကိုအသုံးျပဳထားတဲ့ Nokia 9 PureView စမတ္ဖုန္းကို မိတ္ဆက္ခဲ့ၿပီးေတာ့ ပထမဆုံး Flagship ဖုန္းတစ္လုံးအေနနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၂၀၁၈ တုန္းက ထြက္ရွိထားတဲ့ Snapdragon 845 Processor ကို အသုံးျပဳထားတဲ့အျပင္ Camera ပိုင္းမွာလည္း တျခားေသာ Flagship ဖုန္းေတြကို မမွီတဲ့အတြက္ Nokia အတြက္ ေအာင္ျမင္မႈမရရွိခဲ့တဲ့ ဖုန္းတစ္လုံးျဖစ္ခဲ့တယ္လို႔ေတာင္ ေျပာရမွာပါ။

Nokia ကေန အဆိုပါ Nokia 9 PureView ရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ Nokia 9.1 PureView ကို မိတ္ဆက္ဖို႔ ျပဳလုပ္ေနခဲ့ေပမယ့္ အဆိုပါ စမတ္ဖုန္းကိုလည္း တရားဝင္မိတ္ဆက္ႏိုင္ျခင္းမရွိခဲ့သလို အခုလည္း လာမယ့္ ၂၀၂၀ ပထမႏွစ္ဝက္အတြင္းမွာ Nokia 9.2 PureView စမတ္ဖုန္းကို မိတ္ဆက္လာမယ္ဆိုၿပီး ေျပာၾကားလိုက္ပါတယ္။

ဒါေပမယ့္ ဒီ Nokia 9.2 PureView မွာေတာ့ အေစာပိုင္းကထြက္ရွိခဲ့တဲ့ Nokia 9 PureView လိုမ်ိဳး Light Camera ကုမၸဏီနဲ႔ ပူးေပါင္းမွာမဟုတ္တဲ့အတြက္ Penta-Camera Setup အစား သာမန္ Camera Setup ကိုပဲ အသုံးျပဳလာႏိုင္ပါတယ္။ ဒီအတြက္ကိုေတာ့ Nokia ကေန Toshiba ကုမၸဏီနဲ႔ ပူးေပါင္းၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ Camera Performance ကို ရရွိေအာင္ ေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။

Nokia 9.2 PureView စမတ္ဖုန္းဟာ ဒီတႀကိမ္မွာေတာ့ Qualcomm Snapdragon 865 Processor ကို အသုံးျပဳလာမွာျဖစ္ၿပီး 5G Support လည္း ပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။ Nokiamob.net ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ Nokia 9.2 PureView ဖုန္းမွာ Bezel-less Display နဲ႔ 32MP သို႔မဟုတ္ 48MP Selfie Camera ပါဝင္လာမယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ ဒီတစ္ႀကိမ္မွာေတာ့ Nokia 9.2 PureView က Specs ေတြအရေတာ့ Flagship Level ရွိမယ့္ပုံစံပါပဲ။

ေနာက္ထပ္သတင္းတစ္ခုကေတာ့ Nokia ကေန ဒီ Nokia 9.2 PureView စမတ္ဖုန္းကို ေဒၚလာ ၁,၀၀၀ ဝန္းက်င္အစား Nokia 8 လိုမ်ိဳး High End စမတ္ဖုန္းတစ္လုံးရဲ႕ ေစ်းႏႈန္းဝန္းက်င္နဲ႔ ေရာင္းခ်သြားမွာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ စြမ္းေဆာင္ရည္ေကာင္းၿပီး ေစ်းသက္သာတဲ့ Flagship ဖုန္းတစ္လုံးျဖစ္ႏိုင္ေျခပိုမ်ားေနပါတယ္။

Ref – Gizmo China