Nokia က ဇူလိုင်လ ၂၇ ရက်နေ့မှာ အကြမ်းခံ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အရိပ်အမြွက် သတင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပြီး ဒီဇိုင်းကို အနည်းငယ် လေ့လာခွင့်ရလာပါတယ်။ အဲဒီ စမတ်ဖုန်းကို Nokia XR20 နာမည်နဲ့ ရောင်းချနိုင်ပါတယ်။

Nokia XR20's key specs revealed by Geekbench - GSMArena.com news

Nokia XR20 ရဲ့ ဓါတ်ပုံကို Nokia Community Forum မှာ တင်ထားတာ ဖြစ်ပြီး ဓါတ်ပုံမှာ စမတ်ဖုန်းရဲ့ အရောင်ဟာ အပြာရင့်ရောင် ဖြစ်ပါတယ်။ ရေစက်ရေပေါက်တွေ စမတ်ဖုန်းမှာ စိုနေတာကို ပြသထားတဲ့အတွက် IP68 ရေစိုခံ စံနှုန်း ပါလာဖို့များပါတယ်။

Nokia XR20, Nokia 6310 Spotted on Bluetooth SIG Website

ကင်မရာ Cutout က အရင်ထွက်ခဲ့တဲ့ Teaser တွေနဲ့ ယှဉ်ကြည့်ရင် နည်းနည်း ကွဲပြားနေပါတယ်။ စမတ်ဖုန်း အောက်ခြေမှာ စပီကာ အပေါက် ၁ ပေါက်၊ Type-C Port နဲ့ နားကြပ်ပေါက်တွေ တပ်ဆင်ထားပြီး ဘယ်ဘက်ခြမ်းမှာ ပါဝါ ခလုတ် ပါပါတယ်။

Nokia XR20 မှာ အောက်ပါ Specifications တွေ ပါလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

  • OS: Android 11
  • Processor: Snapdragon 480
  • Display: 6.67″ 20.5:9 aspect ratio Full HD+
  • RAM: 6GB
  • ROM: 128GB, expandable up to 512GB
  • Rear Camera: 48 MP + 13 MP Ultra Wide Angle
  • Front Camera: 8MP
  • Connectivity: 2G, 3G, LTE, BT v5.1, Wi-Fi, NFC, GPS/AGPS/GLONASS/Galileo, Type-C
  • Battery: 4630mAh with Fast Charging

လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena