သတင်းတွေထွက်နေတဲ့ Nokia XR20 ဟာ တရားဝင် ရောက်ရှိလို့လာပါပြီ။ Nokia က အဲဒီ ဖုန်းကို ကာလရှည်ကြာစွာ အသုံးပြုလို့ရအောင် Software နဲ့ Hardware ၂ ခုစလုံးကို တည်ဆောက်ပေးထားပါတယ်။

Nokia XR20 is a rugged 5G phone with 4 years of updates - GSMArena.com news

Hardware အကြောင်းစပြောရရင် MIL-STD810H စံနှုန်းရှိ အကြမ်းခံတဲ့ Casing နဲ့ ကာကွယ်ထားပြီး အမြင့် ၁.၈ မီတာကနေပြုတ်ကျတာကို ခံနိုင်ပါတယ်။ IP68 စံနှုန်း ပါတဲ့အတွက် ရေစိုခံသလို ဖုန်မဝင်အောင်ကာကွယ်ပေးပါတယ်။ အရှေ့ဘက်ကို Gorilla Glasss Victus နဲ့ ကာကွယ်ထားပြီး XR20 အတွက် တခြား Case တွေ၊ Screen Protectors တွေ မလိုအပ်လောက်ပါဘူး။

The Nokia XR20 is a rugged, 5G phone for $549 - The Verge

XR20 မှာ ၆.၆၇ လက်မ FHD+ IPS LCD မျက်နှာပြင် ထည့်သွင်းထားပြီး ရေစိုနေတဲ့ လက်နဲ့ ထိတွေ့အသုံးပြုလို့ရသလို လက်အိတ်ဝတ်ထားရင်လည်း အိုကေပါတယ်။ Snapdragon 480 Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 5G ဆက်သွယ်မှု ပါပါတယ်။ Storage မြှင့်ဖို့အတွက် microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံးပဲ တပ်ဆင်ထားပြီး 48MP Main နဲ့ 13MP Ultrawide တွေ ဖြစ်ပါတယ်။ ကင်မရာ ၁ လုံးစီအတွက် LED Flash ၁ လုံးစီ ထည့်သွင်းပေးထားတာက ထူးခြားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ Android 11 မောင်းနှင်ထားပြီး ၄ နှစ်ကြာ Security Update နဲ့ ၃ နှစ်ကြာ OS Update ရရှိမှာပါ။

ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး သင် အသုံးများတဲ့ App တွေကို မြန်မြန် ဖွင့်နိုင်တဲ့ ခလုတ် ၁ ခု ထိပ်မှာ တပ်ဆင်ထားပါတယ်။ ၂ ရက်လောက် အသုံးခံတဲ့ 4,630mAh ဘက်ထရီ ပါလာပြီး 18W Wired , 15W Wireless Charging တွေ ထောက်ပံ့ပေးထားပါတယ်။ Ultra Blue နဲ့ Granite Grey ၂ ရောင် ထုတ်လုပ်ထားပြီး 6/128GB ကို ၅၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၉ သိန်းလောက်တန်ကြေးရှိတဲ့အတွက် ဈေး မသေးဘဲ ဩဂုတ်လ ၂၄ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena