Nokia က လကမ္ဘာမှာ 4G နည်းပညာကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေပါတယ်။ နောက်သွားမယ့် “လကမ္ဘာ” ခရီးစဉ်မှာ 4G ကို တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ SpaceX Falcon 9 ဒုံးပျံနဲ့ “လ” ဆီကို သွားမယ့် Intuitive Machines ရဲ့ IM-2 Mission မှာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်မှာပါ။

Nokia က Lunar Outpost ၊ Intuitive Machines တို့နဲ့ ပူးပေါင်းကာ အာကာသမှာ ကြမ်းတမ်းတဲ့ အခြေအနေတွေကို ခံနိုင်တဲ့ 4G စနစ်ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Intuitive Machines က တီထွင်ထားတဲ့ Nova-C Lunar Lander ဟာ 4G စနစ်နဲ့ တခြား ပစ္စည်းတွေကို “လ” ဆီ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ NASA ဟာ ၂၀၂၅ ခုနှစ်မှာ “လ” ထံ အာကာသယာဉ်မှူး ၂ ဦး ပို့ဆောင်မှာ ဖြစ်တဲ့အတွက် Nokia ရဲ့ “လ”ပေါ်မှာ 4G နည်းပညာ ထုတ်လွှင့်တဲ့ စီမံကိန်းကြောင့် အာကာသယာဉ်မှူးတွေဟာ “လ” ပေါ်မှာ 4G ဆက်သွယ်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Nokia Plans to Put 4G Internet on the Moon This Year – Review Geek

၂၀၂၀ ခုနှစ်မှာ NASA ဟာ အခု စီမံကိန်းအတွက် Nokia ကို ရွေးချယ်ခဲ့ပြီး Nokia ရဲ့ Bell Labs ကို ဒေါ်လာ ၁၄.၁ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။ Nokia က “လ” ပေါ်မှာ 4G အင်တာနက်ကို ထုတ်လွှင့်ပေးမယ့် စီမံကိန်းဟာ “လ” နဲ့ အင်္ဂါဂြိုလ်ကို လူသားတွေ အခြေချနိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

Nokia ရဲ့ 4G အင်တာနက်ဟာ “လ” မှာ ရောက်နေတဲ့ အာကာသယာဉ်မှူးတွေအတွက် အသံနဲ့ ဗီဒီယို ဆက်သွယ်မှုတွေ အသုံးပြုနိုင်မှာ ဖြစ်ပြီး စက်ရုပ်တွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Nokia Bell Labs ရဲ့ Enterprise and Industrial Automation Research Lab မှ အကြီးအကဲ Thierry Klein က ကမ္ဘာမှာ ရနေသလို အာကာသမှာလည်း 4G အင်တာနက် ရအောင်ကြိုးပမ်းတာဟာ အလွန် အရေးကြီးတယ်လို့ ပြောပါတယ်။

Ref : gizmochina