Nokia က အိန္ဒိယမှာ ကြေညာမယ့် စမတ်ဖုန်း အသစ်တွေနဲ့ ပတ်သက်ပြီး မကြာခင်က သတင်းအချက်အလက် တချို့ မျှဝေခဲ့ပါတယ်။ ဒီလ ၂၅ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Feature ဖုန်းတွေလည်းပါလာမှာပါ။ အခုတော့ အဲဒီ Feature ဖုန်းတွေရဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။

Nokia 215 (2020) သို့မဟုတ် Nokia 215 4G လို့ နာမည်ပေးထားနိုင်ပြီး Nokia ရဲ့ ဈေးအချိုဆုံး 4G ဖုန်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကင်မရာ ၁ လုံးတောင် မပါလာပါဘူး။ နောက် ၁ လုံးက Nokia 225 ဖြစ်ပြီး 4G LTE နဲ့ YouTube , Facebook တို့လို App တွေ ထောက်ပံ့ထားမှာပါ။

Nokia 225 ကို FCC မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပြီး ဖုန်း မျက်နှာပြင်မှာ ဩဂုတ်လ ၃ ရက်နေ့ကို ဖော်ပြထားပေမယ့် ကပ်ရောဂါကြောင့် ကြေညာမယ့် အချိန်ကို နောက်ဆုတ်လိုက်တာဖြစ်နိုင်ပါတယ်။ တတိယ 4G Feature ဖုန်း နာမည်ကို မသိရသေးပေမယ့် လျှို့ဝှက်နာမည်က Nokia Leo ဖြစ်ပြီး WhatsApp နဲ့ Facebook App တွေ ပါလာမှာပါ။ ဘေးဘက်မှာ ခလုတ် ၁ ခု ပါလာပြီး Google Assistant Button ဖြစ်နိုင်ပါတယ်။ အဲဒီ Feature ဖုန်းတွေမှာ  KaiOS မောင်းနှင်ထားနိုင်ပါတယ်။

ဈေးနှုန်းနဲ့ ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် Nokia ရဲ့ ဈေးချိုတဲ့ Feature ဖုန်းတွေ မကြာခင် ထွက်လာတော့မှာပါ။

Ref : gizmochina