စစ်တမ်း ၁ ခုက ပြီးခဲ့တဲ့နှစ်မှာ မြောက်ကိုရီးယား ဟက်ကာတွေဟာ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိတဲ့ Cryptocurrency တွေ ခိုးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Blockchain လေ့လာဆန်းစစ်တဲ့ Chainalysis ကုမ္ပဏီက ၂၀၂၁ ခုနှစ်ဟာ မြောက်ကိုရီးယား ဟက်ကာတွေအတွက် အအောင်မြင်ဆုံး နှစ်လို့ ပြောပါတယ်။

Stock image of hands typing on a laptop keyboard

ဟက်ကာတွေဟာ ရင်းနှီးမြှပ်နှံတဲ့ အဖွဲ့အစည်းတွေကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ သူတို့ရဲ့ လက်ချက် မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

North Korea fires second suspected ballistic missile in a week after Kim  Jong Un's vow to bolster military - ABC News

Chainalysis က “ ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်နေတဲ့ Hack အရေအတွက်ဟာ ၄ ကြိမ်ကနေ ၇ ကြိမ်အထိ မြင့်မားခဲ့ပြီး ခိုးယူတဲ့ ငွေကြေးဟာ ၄၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ “ လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဟက်ကာတွေဟာ Phishing ၊ Code နဲ့ Malware တွေအပါအဝင် နည်းလမ်းများစွာကို အသုံးပြုခဲ့ပြီး အဖွဲ့အစည်းတွေရဲ့ Hot Wallet တွေက ငွေတွေကို မြောက်ကိုရီးယား ထိန်းချုပ်ထားတဲ့ လိပ်စာတွေဆီ ကူးပြောင်းခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Cryptocurrency Hot Wallet တွေဟာ အင်တာနက်၊ Cryptocurrency ကွန်ရက်တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် Hack ခံရနိုင်ခြေရှိပါတယ်။ ကျွမ်းကျင်သူတွေက မလိုအပ်ရင် Cryptocurrency တွေကို အင်တာနက်နဲ့ မချိတ်ဆက်ထားတဲ့ Cold Wallet ကို ပြောင်းရွှေ့ထားသင့်တယ်လို့ အကြံပေးထားပါတယ်။

Chainalysis က ပြီးခဲ့တဲ့နှစ်က ဆိုက်ဘာ တိုက်ခိုက်မှု များစွာကို Lazarus Group က ပြုလုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီ အဖွဲ့ကို မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း ဖြစ်တဲ့ Reconnaissance General Bureau က ထိန်းချုပ်ထားတယ်လို့ ထင်ရပါတယ်။

Ref : bbc