OnePlus ရဲ့ ယခင် Co-founder ဖြစ်တဲ့ Carl Pei ကိုယ်တိုင် အသစ်တည်ထောက်ထားတဲ့ Nothing ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Nothing Phone (1) အပြင် Wireless Earbuds ၂ မျိုးကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Nothing ကနေ နောက်ထပ် Wireless Earbuds အသစ်ကို ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါတယ်။

ဒါပေမယ့် အခု Nothing ကနေ မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ Wireless Earbuds အသစ်ဟာ Nothing ကုမ္ပဏီနာမည်နဲ့ မိတ်ဆက်မှာတော့မဟုတ်ဘဲ တခြားနာမည်တစ်ခုနဲ့ မိတ်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Wireless Earbuds နာမည်ကိုတော့ “Particles by XO” လို့ ပေးထားပြီးတော့ XO Brand နာမည်အောက်ကနေ မိတ်ဆက်လာနိုင်ပါတယ်။

91Mobiles ကနေ ထုတ်ပြထားတဲ့ ဓါတ်ပုံအရဆိုရင် အဆိုပါ Particles by XO Earbuds ဟာ Design ပိုင်းမှာ လက်ရှိ Wireless Earbuds တွေကနေ ကွဲထွက်နေပြီး ပဲစေ့ပုံစံဒီဇိုင်းကိုမှ Silicon Eartips တွေပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ LHDC Codec Support အပြင် Active Noise Cancellation (ANC) Feature တွေပါဝင်မယ့်အတွက် Feature ပိုင်းမှာလည်း တော်တော်လေးစုံလင်မယ်လို့ ယူဆရပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ Nothing ကနေ မိတ်ဆက်ထားတဲ့ Ear (1) နဲ့ Ear Stick တွေဟာ Transparent Design နဲ့ထုတ်ထားတဲ့ Wireless Earbuds တွေဖြစ်တာကြောင့် အခု Particles by XO Earbuds ဟာ ဒီဇိုင်းမတူညီတာကြောင့် Nothing နာမည်အစား တခြားသော ကုမ္ပဏီနာမည်နဲ့ ထုတ်ဖို့စီစဥ်နေတာဖြစ်နိုင်ပါတယ်။

Ref – Engadget