နည်းပညာ ကုမ္ပဏီ Nothing က Community Investor တွေကို NFT တွေ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Nothing က အစောဆုံး ရင်းနှီးမြှပ်နှံသူတွေကို ပထမအသုတ် NFT Token တွေ ပေးမယ်လို့ ပြောပါတယ်။ အဲဒီ NFT တွေကို Black Dot လို့ နာမည်ပေးထားပြီး ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Nothing Phone 1 ကို ကြိုတင်မှာယူသူတွေကို နောက်ပိုင်းမှာ NFT တွေကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Nothing ရဲ့ Community Investor တွေဟာ NFT တွေကို ရယူဖို့အတွက် သူတို့ရဲ့ Nothing အကောင့်ကို Log In ဝင်ရမှာ ဖြစ်ပြီး Crypto Wallet နဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် My NFT Page ကို သွားရင် Black Dot ဆီကို ရောက်ရှိသွားမှာ ဖြစ်ပြီး ဒီလ ၇ ရက်နောက်ပိုင်းမှာ NFT တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ NFT တွေ လက်ဆောင်ပေးမယ့် အကြောင်းကို Nothing တည်ထောင်သူ Carl Pei က မကြာခင်က အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။ သူက “ ကျွန်တော်တို့အားလုံးဟာ Dots တွေ ဖြစ်ပါတယ်။ Dots တွေကို ဆက်သွယ်ကြပါစို့။ “ လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Nothing is giving away NFTs to its special community members: All the details - CineMaster

Nothing ဟာ ဇူလိုင်လ ၁၂ ရက်နေ့မှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Nothing Phone 1 ကို ကြေညာတော့မှာ ဖြစ်ပြီး အွန်လိုင်း စတိုး Flipkart ကနေ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။ Nothing Ear 1 TWS နားကြပ်ကိုလည်း Flipkart ကနေ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

Ref : abplive