သတင်းများစွာပေါက်ကြားနေတဲ့ Nothing Phone (1) ကို တရားဝင် ကြေညာလိုက်ပါပြီ။ အလူမီနီယမ် ဖရိမ်နဲ့ တည်ဆောက်ထားပြီး ၆.၅၅ လက်မ 1080×2400 120Hz OLED မျက်နှာပြင်၊ 1200 Nits Peak Brightness ၊ 240Hz Touch Sampling Rate ၊ Gorilla Glass 5 ၊ Snapdragon 778G+ Chipset တွေ ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) + 50MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP Punch-hole ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Nothing phone (1) is finally fully official - GSMArena.com news

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Android 12 အခြေပြု Nothing OS (1) မောင်းနှင်ထားပါတယ်။ ပေါ့ပါးသွက်လက်အောင် ပြုလုပ်ထားပြီး Bloatware တွေ မပါဘူးလို့ ကတိပေးထားပါတယ်။ Nothing က Android Update ကို ၃ နှစ်နဲ့ Security Patch ကို ၄ နှစ်အထိ ထောက်ပံ့ပေးမယ်လို့ အာမခံထားပါတယ်။

ဆော့ဖ်ဝဲအပိုင်းမှာ လုပ်ဆောင်ချက် အပို အနည်းငယ် ထည့်သွင်းထားပါတယ်။ Nothing ရဲ့ နားကြပ်အတွက် Quick Settings Control နဲ့ နောက် ၁ ခုက Tesla ကားတွေအတွက် ဖြစ်ပြီး ကားထဲမဝင်ခင် မီးနဲ့ အဲကွန်း ဖွင့်တာတို့လို အလုပ်တွေကို လုပ်နိုင်ပါတယ်။ Nothing က Default Android App တွေပဲ ထည့်ထားပြီး မြန်ဆန်သွက်လက်တဲ့ အတွေ့အကြုံကို ရစေမယ်လို့ ကတိပေးထားပါတယ်။ ခေတ်စားနေတဲ့ NFT တွေအတွက်  NFT Collection ကို ပြသပေးမယ့် Home Screen Widget ကို ဖန်တီးပေးထားပါတယ်။

Nothing phone (1) is finally fully official

4,500mAh ဘက်ထရီ ထောက်ပံ့ထားပြီး မိနစ် ၇၀ အတွင်း အားအပြည့်သွင်းပေးမယ့် 33W Wired Charging နဲ့ မိနစ် ၁၂၀ အတွင်း အားအပြည့်သွင်းပေးမယ့် 15W Wireless Charging တွေနဲ့အတူ 5W Reverse Wireless Charging ပါလာပါတယ်။ IP53 စံနှုန်း ထည့်ထားပြီး ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။

အဲဒီ ဖုန်းရဲ့ အဓိက စွဲဆောင်မှုက အနောက်ဘက် ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းနဲ့ သတင်းအချက်အလက်တွေ ပြသပေးတဲ့ ဂရပ်ဖစ် Interface LEDs တွေ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ LEDs တွေက အားသွင်းနေရင် Progress Indicator ကို ပြသပေးပြီး LEDs တွေဟာ Ringtones တွေနဲ့ Sync လုပ်ပေးပါတယ်။

Nothing Phone (1) ရဲ့ 8/128GB ကို ၄၆၉ ယူရို၊ 8/256GB ကို ၄၉၉ ယူရိုနဲ့ 12/256GB ကို ၅၄၉ ယူရို သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၈၇၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ London မှာ ဒီလ ၁၆ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပြီး Denmark, Finland, France, Germany, Hong Kong, Hungary, India, Israel, Italy, Macau, Malaysia, the Netherlands, Norway, Philippines, Poland, Portugal, Romania, Saudi Arabia, Spain, Singapore, Sweden, Switzerland, Taiwan, Thailand နဲ့ UAE မှာလည်း ရောင်းပေးမှာပါ။

Ref : gsmarena