Nothing ရဲ့ ဒုတိယ စမတ်ဖုန်း Phone (2) ကို ဇူလိုင်လ ကြေညာမယ်လို့ CEO Carl Pei က ပြောပါတယ်။ သူက Forbes နဲ့ အင်တာဗျူး ၁ ခုမှာ ပြောလိုက်တာ ဖြစ်ပြီး အဲဒီဖုန်းမှာ Snapdragon 8+ Gen 1 SoC ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီအတွက် စွမ်းရည်သင့် Nothing Phone (1) ထက် ပိုကောင်းလာမှာ ဖြစ်ပေမယ့် Snapdragon 8 Gen 2 ပါတဲ့ ၂၀၂၃ ခုနှစ်ထုတ် စွမ်းရည်မြင့် ဖုန်းတွေထက်တော့ အားနည်းမှာပါ။

Nothing Phone 2 Will Come With Bigger Battery Than Phone 1

အဲဒီ SoC ၂ ခုရဲ့ ဈေးနှုန်း ကွာခြားချက်ကြောင့် ကုမ္ပဏီက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကုမ္ပဏီက Nothing Phone (2) ကို ဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းချပေးချင်လို့ ဖြစ်ပါတယ်။

Nothing Phone (2) is officially coming in July with a 4,700 mAh battery

Nothing က ဒီလ အစောပိုင်းက Phone (2) ရဲ့ Teaser ဓါတ်ပုံကို မျှဝေထားပြီး အထက်မှာ လေ့လာနိုင်ပါတယ်။ ကုမ္ပဏီက Nothing Phone (2) ကို ကြေညာဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ဇူလိုင်လ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ ဖုန်းရဲ့ Specs နဲ့ လုပ်ဆောင်ချက်တွေကို ပိုမို မျှဝေလာနိုင်ပါတယ်။

Nothing Phone (2) ရဲ့ ဘက်ထရီ ပမာဏကို သိလာရပြီ ဖြစ်ပြီး 4,700mAh ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Nothing Phone (1) ရဲ့ ဘက်ထရီထက် 200mAh ပိုများလာမှာ ဖြစ်ပေမယ့် ဒီနေ့ခေတ် စံနှုန်း ဖြစ်တဲ့ 5,000mA ဘက်ထရီထက် ပိုမိုအားနည်းနေမှာပါ။

Ref : gsmarena