Nothing ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအနေနဲ့ Nothing Phone (1) နဲ့ Nothing Phone (2) ဆိုပြီး အမျိုးအစား ၂ မျိုးပဲ မိတ်ဆက်ထားတဲ့ စမတ်ဖုန်းကုမ္ပဏီအသစ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တခြားသော Earbuds နဲ့ စမတ်ဖုန်း Accessories တွေကိုလည်း မိတ်ဆက်ထားသလို စျေးသက်သာတဲ့ Gadget တွေကိုလည်း CMF နာမည်နဲ့ Sub-Brand တစ်ခုခွဲပြီး ထုတ်လုပ်နေပါတယ်။

အခုလည်း Nothing ကနေ နောက်ထပ် စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ဖို့ ပြင်ဆင်နေပုံရပြီး အဆိုပါ စမတ်ဖုန်းအသစ်ကို BIS Certification Website မှာ ပထမဆုံးအကြိမ်တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အဆိုပါ စမတ်ဖုန်းအသစ်ဟာ Nothing Phone (2) ကို အစားထိုးမယ့် Nothing Phone (3) မဟုတ်ဘဲ Nothing Phone (2a) လို့ နာမည်ပေးထားတာကိုတွေ့ရပါတယ်။

BIS Certification အရ Nothing Phone (2a) ဟာ Model Number A142 သို့မဟုတ် AIN142 ဖြစ်မယ်လို့ သိရပြီး Battery Model အနေနဲ့ Nothing Phone (2) နဲ့မတူညီတဲ့ Model Number NT03 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Nothing Phone (2a) နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းအရ Display အနေနဲ့ 6.7″ AMOLED Display ကို အသုံးပြုထားပြီး Center Punch-hole Selfie Camera ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ နောက်ဖက်က Back Panel ကလည်း လက်ရှိ Nothing Phone တွေလိုမျိုးပဲ Glyph Interface ကိုဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။

ဒါကြောင့် Nothing Phone (2a) ဖုန်းဟာ လက်ရှိ Nothing Phone (2) ထက် ပိုမိုစျေးသက်သာတဲ့ဖုန်းဖြစ်လာနိုင်ပြီး စျေးနှုန်းအနေနဲ့ ဘယ်လောက်နဲ့ရောင်းချသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China