X (Twitter) မှာ Adult Content တွေကို နည်းလမ်း အသစ်နဲ့ ပြသတော့မှာ ဖြစ်ပါတယ်။ X မှာ NSFW (Not Safe for Work) Community ကို စမ်းသပ်နေတယ်လို့ သတင်းထွက်လာပါတယ်။

X confirms plans for NSFW Communities

Adult Content တွေဟာ X မှာ နဂိုကတည်းက ရှိနေပြီးသား ဖြစ်ပြီး Sex Worker နဲ့ Adult Content Bots တွေ ရှိကြပါတယ်။ ပို့စ်အားလုံးရဲ့ ၁၃ ရာခိုင်နှုန်းမှာ NSFW Content တွေ ပါလာကြတယ်လို့ ကုမ္ပဏီရဲ့ ဒေတာတွေက ဖော်ပြထားပါတယ်။ အဲဒီအတွက် X ဟာ Group တွေကို Adult Content အဖြစ် သတ်မှတ်ဖို့ Community Admin တွေကို အခွင့်အရေးပေးတော့မှာပါ။

X is testing NSFW adult communities, according to screenshots

X ဟာ User တွေ တိုးပွားဖို့အတွက် Community ကို အဓိက အားထားဖို့ လုပ်ဆောင်နေပါတယ်။ CEO Elon Musk က Community ရဲ့ အရေးပါမှုကို အလေးပေး ပြောကြားထားပြီး လုပ်ဆောင်ချက် အသစ်တွေကို စဉ်ဆက်မပြတ် ထည့်သွင်းပေးမယ်လို့ ကြေညာထားပါတယ်။

X ဟာ Community ကို Reddit လို ဖိုရမ်တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ပြုလုပ်နေပြီး User တွေ ဖန်တီးတဲ့ Content တွေကို Musk ရဲ့ AI Chatbot ဖြစ်တဲ့ Grok အတွက် Training Data အဖြစ် အသုံးချနေပါတယ်။ X ဟာ Community အတွက် တခြား Update တွေကိုလည်းဖြန့်ချိပေးနေပါတယ်။ အဲဒီအထဲမှာ တိုးတက်လာတဲ့ Moderation Tools ၊ ပို့စ်တွေအတွက် Sorting Option ၊ Android User တွေအတွက် သီးခြား Media Tab နဲ့ Trending Content တွေကို ရှာဖွေနိုင်တဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်။

Ref : gizmochina