[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္ႏွစ္တာကာလအတြင္း Gaming စမတ္ဖုန္းေတြထြက္ရွိမႈ တုိးတက္လာတာကို ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ။ အဲဒီထုတ္လုပ္သူေတြထဲမွာ ေတာက္ေလွ်ာက္ပါဝင္ခဲ့တဲ့ ကုမၸဏီေတြထဲက တစ္ခုကေတာ့ Nubia ပါပဲ။ ယေန႔မွာ Nubia ဟာ ေနာက္ထပ္ Gaming ဟန္းဆက္တစ္ခုကို ထပ္မံမိတ္ဆက္လိုက္ျပန္ၿပီး ဒီတစ္ခါေတာ့ အထူးအေအးေပးစနစ္တစ္ခုနဲ႔ ျမင့္မားတဲ့ Specs ေတြထည့္သြင္းလာျပန္တယ္။

Red Magic 3 စမတ္ဖုန္းသစ္ဟာ 6.65” လက္မအရြယ္ FHD+ Ultra-widescreen Display သုံးစြဲလာတယ္။ ဒီမ်က္ႏွာျပင္က 90Hz Refresh Rate ပါဝင္ၿပီး HDR ရုပ္ထြက္ေတြကို ေထာက္ပံ့ေပးႏုိင္တယ္။ ေရွ႕ဘက္ကို မ်က္ႏွာမူထားတဲ့ စတီရီယုိစပီကာေတြကေတာ့ DTS:X နဲ႔အျခား 3D Sound နည္းပညာေတြေၾကာင့္ ရုပ္ရွင္ရုံ ပတ္လည္အသံေပးစနစ္လို အလားတူပုံမ်ဳိးကို ဖန္တီးေပးႏုိင္မွာျဖစ္တယ္။

သူ႕ေရွ႕ကထြက္ခဲ့တဲ့ Red Magic Mars မွာလုိပဲ ဒီဟန္းဆက္မွာလည္း လက္ညႈိးခလုပ္လို႔ Console ဂိမ္မာေတြေခၚတဲ့ Shoulder Trigger ေတြပါပါတယ္။ ကစားသူေတြက ဒီခလုတ္ေတြကို ကိုယ္ၾကိဳက္သလို Custom လုပ္ထားၿပီး မာလ္တီပေလယာယွဥ္ၿပိဳင္ေဆာ့တဲ့အခါ အလြယ္တကူအသာစီးယူႏုိင္မွာျဖစ္တယ္။

Red Magic 3 ရဲ႕အတြင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္၊ Adreno 640 ဂရပ္ဖစ္ယူနစ္နဲ႔ 5,000 mAh ဘကၳရီတုိ႔ ပါဝင္တယ္။ ဘကၳရီၾကီးက အားအျမန္သြင္းဖို႔ 27W အားသြင္းစနစ္ပါဝင္ၿပီး ဆယ္မိနစ္ မီးအားသြင္းရင္ တစ္နာရီဂိမ္းေဆာ့ႏုိင္မယ္လို႔ ဆုိတယ္။ မန္မုိရီပုိင္းမွာ သုံးမ်ဳိးထြက္ရွိလာၿပီး 128GB Storage ဗားရွင္းက 6GB သို႔ 8GB RAM နဲ႔တြဲဖက္ထားကာ 256GB Storage ေမာ္ဒယ္ကေတာ့ 12GB RAM ျဖစ္ပါတယ္။

တကယ္လို႔ Stock Android OS ဗားရွင္းကိုမွ ၾကိဳက္ႏွစ္သက္ရင္ Red Magic 3 ကိုလည္း ႏွစ္သက္မွာပါ။ Nubia က ဒီဖုန္းသစ္မွာ Stock ဗားရွင္းနီးပါး Android Pie ကိုအသုံးျပဳႏုိင္ေအာင္ အနည္းဆုံးေျပာင္းလဲမႈေတြပဲ ျပဳလုပ္ၿပီး မူရင္းအရသာတုိင္း ထားထားတာကို ေတြ႕ရမယ္။ သူ႕ရဲ႕ေနာက္ဘက္မွာ 48MP Sensor ပါဝင္ကာ ေရွ႕ဆယ္ဖီကင္မရာကေတာ့ 16MP ျဖစ္ပါတယ္။

Red Magic 3 ဖုန္းကို တရုတ္ျပည္တြင္းမွာ လာမယ့္ ေမလ ၃ ရက္ေန႔ စၿပီးေရာင္းခ်မွာပါ။ ဒီဖုန္းကို ႏုိင္ငံတကာေစ်းကြက္ကိုလည္း က်ိန္းေသတင္ပို႔မွာျဖစ္ေပမယ့္ ရက္စြဲအတိအက်မသိရေသးသလို ေစ်းႏႈန္းကိုလဲ ထြက္လာမွ သိရမွာျဖစ္ပါတယ္။

Ref – Android Authority

[Unicode]

ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်း Gaming စမတ်ဖုန်းတွေထွက်ရှိမှု တိုးတက်လာတာကို မြင်တွေ့ခဲ့ရပြီးပါပြီ။ အဲဒီထုတ်လုပ်သူတွေထဲမှာ တောက်လျှောက်ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုကတော့ Nubia ပါပဲ။ ယနေ့မှာ Nubia ဟာ နောက်ထပ် Gaming ဟန်းဆက်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပြန်ပြီး ဒီတစ်ခါတော့ အထူးအအေးပေးစနစ်တစ်ခုနဲ့ မြင့်မားတဲ့ Specs တွေထည့်သွင်းလာပြန်တယ်။

Red Magic 3 စမတ်ဖုန်းသစ်ဟာ 6.65” လက်မအရွယ် FHD+ Ultra-widescreen Display သုံးစွဲလာတယ်။ ဒီမျက်နှာပြင်က 90Hz Refresh Rate ပါဝင်ပြီး HDR ရုပ်ထွက်တွေကို ထောက်ပံ့ပေးနိုင်တယ်။ ရှေ့ဘက်ကို မျက်နှာမူထားတဲ့ စတီရီယိုစပီကာတွေကတော့ DTS:X နဲ့အခြား 3D Sound နည်းပညာတွေကြောင့် ရုပ်ရှင်ရုံ ပတ်လည်အသံပေးစနစ်လို အလားတူပုံမျိုးကို ဖန်တီးပေးနိုင်မှာဖြစ်တယ်။

သူ့ရှေ့ကထွက်ခဲ့တဲ့ Red Magic Mars မှာလိုပဲ ဒီဟန်းဆက်မှာလည်း လက်ညှိုးခလုပ်လို့ Console ဂိမ်မာတွေခေါ်တဲ့ Shoulder Trigger တွေပါပါတယ်။ ကစားသူတွေက ဒီခလုတ်တွေကို ကိုယ်ကြိုက်သလို Custom လုပ်ထားပြီး မာလ်တီပလေယာယှဉ်ပြိုင်ဆော့တဲ့အခါ အလွယ်တကူအသာစီးယူနိုင်မှာဖြစ်တယ်။

Red Magic 3 ရဲ့အတွင်းမှာ Snapdragon 855 ချစ်ပ်ဆက်၊ Adreno 640 ဂရပ်ဖစ်ယူနစ်နဲ့ 5,000 mAh ဘက္ထရီတို့ ပါဝင်တယ်။ ဘက္ထရီကြီးက အားအမြန်သွင်းဖို့ 27W အားသွင်းစနစ်ပါဝင်ပြီး ဆယ်မိနစ် မီးအားသွင်းရင် တစ်နာရီဂိမ်းဆော့နိုင်မယ်လို့ ဆိုတယ်။ မန်မိုရီပိုင်းမှာ သုံးမျိုးထွက်ရှိလာပြီး 128GB Storage ဗားရှင်းက 6GB သို့ 8GB RAM နဲ့တွဲဖက်ထားကာ 256GB Storage မော်ဒယ်ကတော့ 12GB RAM ဖြစ်ပါတယ်။

တကယ်လို့ Stock Android OS ဗားရှင်းကိုမှ ကြိုက်နှစ်သက်ရင် Red Magic 3 ကိုလည်း နှစ်သက်မှာပါ။ Nubia က ဒီဖုန်းသစ်မှာ Stock ဗားရှင်းနီးပါး Android Pie ကိုအသုံးပြုနိုင်အောင် အနည်းဆုံးပြောင်းလဲမှုတွေပဲ ပြုလုပ်ပြီး မူရင်းအရသာတိုင်း ထားထားတာကို တွေ့ရမယ်။ သူ့ရဲ့နောက်ဘက်မှာ 48MP Sensor ပါဝင်ကာ ရှေ့ဆယ်ဖီကင်မရာကတော့ 16MP ဖြစ်ပါတယ်။

Red Magic 3 ဖုန်းကို တရုတ်ပြည်တွင်းမှာ လာမယ့် မေလ ၃ ရက်နေ့ စပြီးရောင်းချမှာပါ။ ဒီဖုန်းကို နိုင်ငံတကာဈေးကွက်ကိုလည်း ကျိန်းသေတင်ပို့မှာဖြစ်ပေမယ့် ရက်စွဲအတိအကျမသိရသေးသလို ဈေးနှုန်းကိုလဲ ထွက်လာမှ သိရမှာဖြစ်ပါတယ်။

Ref – Android Authority