Nubia ကနေ High Performance Gaming ဖုန်းတစ်လုံးဖြစ်လာမယ့် Red Magic 5G စမတ်ဖုန်းကို ယခုနှစ်အစပိုင်းထဲက Teaser တွေထုတ်ပြနေခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖုန်းဟာ ပြီးခဲ့တဲ့ MWC Event မှာ မိတ်ဆက်သွားဖို့စီစဥ်ထားခဲ့ပေမယ့် MWC Event ကို ဖျက်သိမ်းလိုက်တဲ့အတွက် မိတ်ဆက်မယ့်အစီအစဥ်ကိုလည်း ဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Nubia ကနေ Red Magic 5G စမတ်ဖုန်းကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံတွင်းမှာပဲ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Nubia Red Magic 5G ဖုန်းဟာ ပထမဆုံးအနေနဲ့ 144Hz Refresh Rate Display ပါဝင်လာမယ့် စမတ်ဖုန်းဖြစ်ပြီး Game ဆော့နေတဲ့အချိန်မှာလည်း 144fps အပြည့်ရရှိအောင် Air-cooled Liquid Cooling စနစ်ကို ထည့်သွင်းထားဦးမှာပါ။ RAM အနေနဲ့လည်း အမြင့်ဆုံး 16GB အထိ ပါဝင်လာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ လုံးဝအကောင်းဆုံးဖြစ်နေမှာပါ။

Qualcomm Snapdragon 865 Processor ကြောင့် 5G Network ကိုလည်း Support ပြုလုပ်မယ့်အပြင် Dual Mode 5G ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ပါဝင်မှာဖြစ်ပြီး Primary Sensor အနေနဲ့ 64MP Sony IMX686 Sensor ကို အသုံးပြုထားမှာပါ။

Nubia Red Magic 5G ဖုန်းမှာ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 55W Fast Charging အပြင် Low Latency Wireless Charging Feature အသစ်ကိုလည်း ထည့်သွင်းလာမယ်လို့ သိရပါတယ်။

Ref – Gizmo China