ZTE ရဲ့ ကုမ္ပဏီအခွဲလို့ ပြောရမယ့် nubia ဟာ မကြာခင်မှာ Red Magic 7 Series Gaming Phone တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက nubia Red Magic 7 (NX679J) ကို 165W Charger ပါဝင်လာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့သလို အခုလည်း nubia Red Magic 7 Pro မှာ တူညီတဲ့ 165W Charger ပါဝင်လာမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Red Magic 7 Series ဖုန်း ၂ လုံးစလုံးမှာ 165W Charging အထိ Support ပေးနိုင်တဲ့ NB-A20825C Charging Adapter ပါဝင်မှာဖြစ်ပါတယ်။ ယခုသတင်းကို တရုတ်နိုင်ငံ 3C Certification အရ သိရှိခဲ့ရတာဖြစ်သလို အဆိုပါ 165W Charger ရဲ့ ဓါတ်ပုံတွေလည်း ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

Red Magic 7 Pro ဖုန်းဟာ Qualcomm Snapdragon 8 Gen 1 Chipset ကိုပဲ အသုံးပြုလာမှာဖြစ်တယ်လို့ ယူဆရပါတယ်။ ပုံမှန် Red Magic 7 ဖုန်းမှာတော့ 6.8″ OLED Display ၊ 64MP Main Camera ၊ 16GB RAM ၊ 512GB Storage နဲ့ 4400mAh Battery တွေပါဝင်တာကြောင့် Red Magic 7 Pro မှာလည်း ဆင်တူတဲ့ Specification တွေပါဝင်လာနိုင်ပါတယ်။

nubia ဟာ Red Magic 7 Series ဖုန်းတွေမှာ Under Display Camera နည်းပညာကို စတင်အသုံးပြုလာမယ်လို့လည်း သတင်းတွေထွက်ရှိနေပြီး ဖုန်းတင်မဟုတ်ဘဲ VR Headset ၊ Gaming Monitor နဲ့ Router တွေကိုလည်း အတူမိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

Ref – GSM Arena