ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကြောင့် နည်းပညာကုမ္ပဏီအချို့ဟာ MWC 2020 မှာပြသဖို့ ပြင်ဆင်ထားရာကနေ နုတ်ထွက်ကုန်ကြပြီဖြစ်ပါတယ်။ Nubia ကလည်း သူတို့ရဲ့ Red Magic 5G gaming smartphone ကို MWC 2020 မှာ ဖြန့်ချိဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

Nubia ဟာ Red Magic 5G တင်မကဘဲ အခြား Smart device သစ်တွေကိုလည်း Red Magic အမှတ်တံဆိပ်နဲ့ ဖြန့်ချိဖို့ ပြင်ဆင်ထားတာဖြစ်ကြောင်း သိရပါတယ်။။ ဒီပွဲမှာ ဘယ်လိုကုန်ပစ္စည်းမျိုးကို မိတ်ဆက်ပြသမလဲဆိုတာကိုတော့ ကုမ္ပဏီက အသိပေးထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Nubia ရဲ့ ဥက္ကဋ္ဌ Ni Fei ကပေးတဲ့သဲလွန်စအရ ဒီ Device ဟာ Red Magic router ဖြစ်နိုင်ပါတယ်။

Weibo အသုံးပြုသူတစ်ယောက်က ဘယ်အချိန်မှာ Router ကို မိတ်ဆက်မလဲလို့ Ni Fei ကို မေးတဲ့အခါ “အဆင်သင့်ဖြစ်နေပြီ” လို့ ပြန်ဖြေခဲ့တာပါ။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ ပြပွဲမှာ Red Magic Router ကို မိတ်ဆက်မယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် Weibo က ဓါတ်ပုံတွေအရ Router အပြင် အခြား Smart device တွေလည်း ပါဝင်လာဖွယ်ရှိတာကို တွေ့မြင်ရပါတယ်။

Nubia Red Magic 5G ကတော့ 114Hz refresh rate မျက်နှာပြင်နဲ့ Flagship ဂိမ်းမင်းဖုန်း အမျိုးအစားဖြစ်ပါတယ်။ 80W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားခြင်း ရှိ၊ မရှိ မသေချာပေမယ့် Snapdragon 865 SoC ကို အသုံးပြုထားတာတော့ သေချာပါတယ်။ အခုအချိန်ထိတော့ Nubia အနေနဲ့ MWC 2020 ပွဲမှာ ပါဝင်မယ့်အစီအစဉ်ကို အပြောင်းအလဲမလုပ်ဘဲ ရှိနေပါသေးတယ်။

Ref: Gizmochina