Zawgyi

မႏွစ္က Nubia ဟာ Dual-display နဲ႔ Nubia X စမတ္ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ ဒီႏွစ္မွာလည္း နည္းပညာေရွ႕ေျပးေနတဲ့ ထုတ္ကုန္ေတြကိုသာ ထုတ္ျပေလ့ရွိတဲ့ Nubia က Nubia X ရဲ႕ 5G ဗားရွင္းကို တရုတ္ျပည္တြင္းမွာ မိတ္ဆက္လိုက္ပါၿပီ။

ဒါေပမယ့္ ကုမၸဏီဟာ Nubia X 5G ကို ဘယ္ေတာ့ ေစ်းကြက္ထဲ စတင္ေရာင္းခ်မလဲဆုိတာကိုေတာ့ အတည္မျပဳေသးပါဘူး။

Nubia X 5G ဖုန္းဟာ ၂၀၁၈ ခုႏွစ္တုန္းက Nubia X ကိုပဲ ျပန္လည္ဆန္းသစ္ထားတာပါ။ Snapdragon 845 ခ်စ္ပ္ဆက္အစား ပိုမုိသစ္လြင္တဲ့ Snapdragon 855 ကိုအစားထိုးကာ X50 5G Modem နဲ႔တြဲဖက္လာပါတယ္။ ဒီဖုန္းရဲ႕ အျခား Specs ေတြကိုေတာ့ မသိရေသးေပမယ့္ 5G ကြန္ရက္ကို ေထာက္ပံ့ေပးမွာ ျဖစ္တဲ့အတြက္ ယခင္ဗားရွင္းထက္ ဘကၳရီ နည္းနည္းပိုႀကီးလာမယ္လို႔ေတာ့ ယူဆရပါတယ္။

Nubia X စမတ္ဖုန္းကို ၂၀၁၈ ေအာက္တိုဘာမွာ မိတ္ဆက္ခဲ့တာပါ။ ေရွ႕ဘက္မွာ 6.26” လက္မအရြယ္ IPS LCD Panel ကုိ Notch ကင္းကင္းထည့္သြင္းထားတယ္။ ေနာက္ဘက္မွာ အနည္းငယ္ပိုေသးတဲ့ 5.1” လက္မ OLED Display ပါဝင္ကာ ႏွစ္ဖက္စလုံးမွာ Fingerprint ထည့္ထားခဲ့ပါတယ္။

သူ႕အတြင္းပိုင္းမွာ Snapdragon 845 ခ်စ္ပ္ဆက္ကို 8GB RAM မန္မုိရီနဲ႔ တြဲဖက္ထားၿပီး Storage က 256 GB ထိ ပါဝင္ပါတယ္။ ကင္မရာကလည္း တစ္ဖက္မွာပဲပါဝင္ၿပီး 16MP + 24MP Dual-camera အတြဲဟာ ဒီဘက္လွည့္လိုက္ရင္လည္း Display တစ္ခုပါေတာ့ ဆယ္ဖီရုိက္ရတာ အခက္အခဲေတာ့ရွိမွာမဟုတ္ပါဘူး။ Nubia X ရဲ႕ 3,800 mAh ဘကၳရီဟာ 18W Fast Charging နဲ႔ျဖစ္ပါတယ္။

Ref – Playful Droid

Unicode

မနှစ်က Nubia ဟာ Dual-display နဲ့ Nubia X စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း နည်းပညာရှေ့ပြေးနေတဲ့ ထုတ်ကုန်တွေကိုသာ ထုတ်ပြလေ့ရှိတဲ့ Nubia က Nubia X ရဲ့ 5G ဗားရှင်းကို တရုတ်ပြည်တွင်းမှာ မိတ်ဆက်လိုက်ပါပြီ။

ဒါပေမယ့် ကုမ္ပဏီဟာ Nubia X 5G ကို ဘယ်တော့ ဈေးကွက်ထဲ စတင်ရောင်းချမလဲဆိုတာကိုတော့ အတည်မပြုသေးပါဘူး။

Nubia X 5G ဖုန်းဟာ ၂၀၁၈ ခုနှစ်တုန်းက Nubia X ကိုပဲ ပြန်လည်ဆန်းသစ်ထားတာပါ။ Snapdragon 845 ချစ်ပ်ဆက်အစား ပိုမိုသစ်လွင်တဲ့ Snapdragon 855 ကိုအစားထိုးကာ X50 5G Modem နဲ့တွဲဖက်လာပါတယ်။ ဒီဖုန်းရဲ့ အခြား Specs တွေကိုတော့ မသိရသေးပေမယ့် 5G ကွန်ရက်ကို ထောက်ပံ့ပေးမှာ ဖြစ်တဲ့အတွက် ယခင်ဗားရှင်းထက် ဘက္ထရီ နည်းနည်းပိုကြီးလာမယ်လို့တော့ ယူဆရပါတယ်။

Nubia X စမတ်ဖုန်းကို ၂၀၁၈ အောက်တိုဘာမှာ မိတ်ဆက်ခဲ့တာပါ။ ရှေ့ဘက်မှာ 6.26” လက်မအရွယ် IPS LCD Panel ကို Notch ကင်းကင်းထည့်သွင်းထားတယ်။ နောက်ဘက်မှာ အနည်းငယ်ပိုသေးတဲ့ 5.1” လက်မ OLED Display ပါဝင်ကာ နှစ်ဖက်စလုံးမှာ Fingerprint ထည့်ထားခဲ့ပါတယ်။

သူ့အတွင်းပိုင်းမှာ Snapdragon 845 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီနဲ့ တွဲဖက်ထားပြီး Storage က 256 GB ထိ ပါဝင်ပါတယ်။ ကင်မရာကလည်း တစ်ဖက်မှာပဲပါဝင်ပြီး 16MP + 24MP Dual-camera အတွဲဟာ ဒီဘက်လှည့်လိုက်ရင်လည်း Display တစ်ခုပါတော့ ဆယ်ဖီရိုက်ရတာ အခက်အခဲတော့ရှိမှာမဟုတ်ပါဘူး။ Nubia X ရဲ့ 3,800 mAh ဘက္ထရီဟာ 18W Fast Charging နဲ့ဖြစ်ပါတယ်။

Ref – Playful Droid