Nvidia CEO Jensen Huang က U.S. မှာ data center တစ်ခု တည်ဆောက်ဖို့ ၃ နှစ်လောက် ကြာပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တရုတ်မှာတော့ “သူတို့က ဆေးရုံတစ်ရုံကို စနေ၊ တနင်္ဂနွေ ပိတ်ရက်အတွင်းမှာပဲ ဆောက်နိုင်တယ်” လို့ ဆိုပြီး AI အခြေခံအဆောက်အအုံပိုင်းမှာ တရုတ် ရဲ့ လျင်မြန်မှု အားသာချက်ကို မီးမောင်းထိုးပြလိုက်ပါတယ်။

After Nvidia's $5 trillion milestone, Jensen Huang races ahead of  ex-Microsoft CEO, Dell founder—what is his net worth? | Company Business  News

AI နည်းပညာကို တိုးချဲ့ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ စွမ်းအင်ပမာဏပိုင်းမှာ တရုတ် က U.S. ထက် နှစ်ဆနီးပါး ရှိနေပြီး စွမ်းအင်ပိုင်းဆိုင်ရာ အားသာချက် ကြီးကြီးမားမား ရှိနေတယ်လို့လည်း Huang က သတိပေး ပြောကြားခဲ့ပါတယ်။

AI Will Drive Scientific Breakthroughs, NVIDIA CEO Says at SC24 | NVIDIA  Blog

Nvidia အနေနဲ့ AI chip နည်းပညာပိုင်းမှာ “မျိုးဆက်ပေါင်းများစွာ ရှေ့ရောက်နေတုန်းပဲ” လို့ သူက ဆက်လက် ပြောဆိုထားပေမယ့် တရုတ် ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားကို လျှော့မတွက်ဖို့ သတိပေးထားပါတယ်။

Data center ဆောက်လုပ်သူတွေကတော့ လာမယ့်နှစ် တစ်နှစ်တည်းမှာတင် U.S. ရဲ့ လိုအပ်ချက်အတွက် ဒေါ်လာ ၅၀ ဘီလီယံကနေ ၁၀၅ ဘီလီယံ တန်ဖိုးရှိ အဆောက်အအုံသစ်တွေ လိုအပ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : Fossbytes