Nvidia ဟာ လက်ရှိအချိန်မှာ Desktop နဲ့ Laptop တွေအတွက် Graphic Card တွေကို အမြောက်အများထုတ်လုပ်နေတဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ အခုလည်း Nvidia ကနေ စျေးသက်သာတဲ့ Laptop တွေအတွက် ရည်ရွယ်ပြီး Nvidia RTX 2050 GPU အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ Nvidia RTX 2050 GPU ဟာ လုံးဝ Model အသစ်တော့မဟုတ်ဘဲ လက်ရှိ Nvidia RTX 3050 နဲ့ RTX 3050 Ti GPU တွေထက် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းနေဦးမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် RTX 3000 Series GPU တွေရှိပြီးနောက်ပိုင်း RTX 2000 Series တွေကို အသစ်မိတ်ဆက်လေ့မရှိပေမယ့် အခုလိုမျိုး မိတ်ဆက်လိုက်ရတာက စျေးကွက်လိုအပ်ချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

Nvidia RTX 2050 GPU ဟာ လက်ရှိ RTX 3000 Series GPU တွေလိုမျိုးပဲ Ampere GA107 Architecture အသစ်ကို အခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Performance ပိုင်းနဲ့ Ray-tracing ပိုင်းမှာပိုပြီး ကောင်းမွန်လာမယ်လို့ယူဆရပါတယ်။

RTX 2050 GPU ဟာ ပိုကောင်းတဲ့ RTX 3050 GPU လိုမျိုးပဲ 2,048 CUDA Core တွေနဲ့ 4GB GDDR6 Memory တွေပါဝင်ပေမယ့် Memory Bus အနေနဲ့ကတော့ RTX 3050 မှာ 128-bit ပါဝင်ပေမယ့် RTX 2050 GPU အသစ်မှာတော့ 64-bit ပဲ ပါဝင်မှာဖြစ်ပါတယ်။

Nvidia ရဲ့ ပြောကြားချက်အရတော့ အဆိုပါ RTX 2050 GPU ကို အသုံးပြုထားတဲ့ Laptop တွေကို လာမယ့်နှစ်အစောပိုင်းမှာ စတင်တွေ့မြင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တကယ်တမ်း စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လောက်ထိရှိမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – The Verge