Samsung Unpacked Event ကို ကျင်းပဖို့ ၁ ပတ်လောက်ပဲလိုတော့တာဖြစ်ပြီး အဲဒီပွဲမှာ Galaxy Buds+ နဲ့အတူ ထုတ်ကုန် အသစ်တွေကို ကြေညာတော့မှာပါ။ အခုတော့ ပွဲမတိုင်ခင်မှာ နားကြပ်ရဲ့ Official App ကို Apple App Store မှာ ပြသထားပါတယ်။

App Screenshots တွေမှာ နားကြပ်ဟာ iPhone နဲ့ ချိတ်ဆက်ထားတာကို မြင်ရပါတယ်။ iOS Users တွေဟာ iPhone 7 နဲ့အထက်၊ iOS 10 နဲ့အထက်မှာ App ကို Download လုပ်နိုင်ပါတယ်။ အဲဒီ Companion App မှာ နားကြပ်ရဲ့ အသံကို Customize လုပ်နိုင်ပြီး OTA Updates တွေကို အင်စတော လုပ်နိုင်ပါတယ်။ နားကြပ်ရဲ့ ဘက်ထရီ သက်တမ်းကိုလည်း ကြည့်နိုင်ပါတယ်။

Galaxy Buds+ အသစ်မှာ Phone Calls အတွက်  Noise Isolation နဲ့ Noise Reduction က ပိုလန်းလာပါတယ်။ ပထမမျိုးဆက် Galaxy Buds နဲ့ ဒီဇိုင်း တူပေမယ့် မော်ဒယ်အသစ်မှာ ဘက်ထရီ သက်တမ်းပို ကောင်းလာပြီး Charging Case အသစ်ကနေ နားကြပ် ၁ ခုချင်းစီအတွက် ဘက်ထရီ သတင်းအချက်အလက်တွေကို ကြည့်နိုင်ပါတယ်။

Galaxy Buds+ အပြင် Samsung ဟာ Galaxy S20 Series , Foldable Galaxy Z Flip နဲ့ Bixby ပါတဲ့ Galaxy Home Mini တို့ကိုပါ ချပြနိုင်ပါတယ်။ အဲဒီ မိတ်ဆက်ပွဲကို ဆန်ဖရန်စစ္စကိုမှာ ဒီလ ၁၁ ရက်နေ့ ကျင်းပတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena