Apple ဟာ OLED နည်းပညာကို ပိုမို သဘောကျလာပုံရပါတယ်။ iPhone နဲ့ Apple Watch တချို့မှာ အဲဒီ နည်းပညာ ထည့်သွင်းထားပေမယ့် iPad နဲ့ MacBook တို့မှာ မပါလာသေးပါဘူး။ အခုတော့ သုတေသန အဖွဲ့အစည်း Omdia က OLED ပါတဲ့ iPad နဲ့ MacBook တွေ မကြာခင် ထွက်လာတော့မယ်လို့ ပြောပါတယ်။ အရင်ဆုံး OLED iPad ထွက်လာမှာပါ။

OLED iPad Pro models are reportedly on track for a 2024 release

၂၀၂၄ ခုနှစ်မှာ OLED ပါတဲ့ ၁၁ လက်မနဲ့ ၁၃ လက်မ iPad Pro မော်ဒယ်တွေကို Apple က ရောင်းချမယ်လို့သတင်းထွက်လာပါတယ်။ အဲဒီ မော်ဒယ်တွေကို နောက်နှစ် ပထမ ၃ လအတွင်း စတင် ထုတ်လုပ်မှာပါ။ Apple ဟာ Low-temperature Multi-crystalline Oxide (LTPO) OLED Panel တွေကို ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ Apple ဟာ တက်ဘလက်တွေအတွက် အရည်အသွေး အမြင့်ဆုံး OLED အမျိုးအစားကို အသုံးပြုမှာပါ။

Apple ရဲ့ Mini LED မျက်နှာပြင်တွေကနေ OLED ကို ပြောင်းသုံးရင် အကျိုးကျေးဇူးများမှာပါ။ OLED တွေဟာ အနက်ရောင် ထုတ်လုပ်ရာမှာ ပြည့်စုံပြီး ကောင်းမွန်တဲ့ Contrast နဲ့ HDR ရစေဖို့အတွက် Per-pixel Light Control ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် စွမ်းအင် စားသုံးမှုလည်း သက်သာစေပါတယ်။

OLED iPad Pro models are reportedly on track for a 2024 release

ဒါပေမဲ့ စောင့်မျှော်နေသူတွေအတွက် စိတ်ပျက်စရာဖြစ်စေမဲ့သတင်းက ၂၀၂၄ ခုနှစ်အကုန်မှာ OLED Panel တွေ ပါတဲ့ MacBook မော်ဒယ်တွေ ထွက်လာမှာ မဟုတ်ပါဘူး။ အဲဒီ MacBook တွေဟာ ၂၀၂၇ ခုနှစ်ကျမှ ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena