ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း တရုတ်မှာ Foldable စမတ်ဖုန်း ရောင်းအားအများဆုံးက Honor ဖြစ်တယ်လို့ Omdia ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ Honor ဟာ ကွာတား ၃ မှာ Foldable စမတ်ဖုန်း ဈေးကွက်ရဲ့ ၂၈ ရာခိုင်နှုန်းကို အထင်ကြီးစရာကောင်းလောက်အောင် သိမ်းပိုက်ထားပြီး ၂၆ ရာခိုင်နှုန်းရထားတဲ့ နံပါတ် ၂ နေရာက Huawei ကို ကျော်တက်သွားပါတယ်။

Honor overtook Huawei as the leading foldable player in China

Honor Magic V2 ကြောင့် အခုလို ရောင်းအားကောင်းတာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်း ၁ လုံးထဲတင် ဈေးကွက်ဝေစု ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ ကွာတား ၃ မှာ Honor ဟာ Foldable စမတ်ဖုန်း အလုံးရေ ၁.၇ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Omdia က Honor Magic V2 ကို ဇူလိုင်လနှောင်းပိုင်းက စတင် ရောင်းချခဲ့ပြီး အခုအချိန်အထိ အလုံးရေ ၈၀၀,၀၀၀ ကျော် ရောင်းချထားနိုင်တယ်လို့ ပြောပါတယ်။

Honor Magic V2 5G 7.92" 256 512GB 50MP Snapdragon8Gen2 5000mAh CNSHIP | eBay

ကွာတား ၃ ရဲ့ Foldable စမတ်ဖုန်း ဈေးကွက်ဝေစု အပိုင်းမှာ Samsung က ၁၉ ရာခိုင်နှုန်းနဲ့ OPPO က ၁၁ ရာခိုင်နှုန်းရထားပြီး နံပါတ် ၃ နဲ့ ၄ နေရာကို ရထားပါတယ်။ vivo က ၁၀ ရာခိုင်နှုန်း၊ Xiaomi က ၅ ရာခိုင်နှုန်းနဲ့ Motorola က ၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး နံပါတ် ၅ ၊ ၆ နဲ့ ၇ နေရာတွေကို အသီးသီး ရထားပါတယ်။

Honor က Flip Style Folding စမတ်ဖုန်းကို ၂၀၂၄ ခုနှစ် ကွာတား ၁ မှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနိုင်ရင် တရုတ်ရဲ့ Foldable စမတ်ဖုန်း ဈေးကွက်မှာ Honor ဟာ ဆက်လက် အောင်မြင်နိုင်ပါတယ်။

Ref : gsmarena