ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က UK (ယူကေ) က လေကြောင်းဆိုင်ရာ ခေါင်းဆောင်တွေဟာ Oxford နဲ့ Cambridge မြို့တွေကြားမှာ လျှပ်စစ် တက္ကစီ လေယာည်(electric air-taxis) တွေကို စမ်းသပ်ပျံသန်းဖို့အတွက် OxCam AAM Corridor စီမံကိန်းကို စတင်လိုက်ပါတယ်။
ခြောက်လကြာမြင့်မယ့် အဲဒီစမ်းသပ်မှုမှာ eVTOL လေယာဉ်တွေဟာ စီးပွားဖြစ်နဲ့ လုပ်ငန်းလည်ပတ်မှုပိုင်းမှာ ဘယ်လိုအလုပ်လုပ်နိုင်မလဲဆိုတာကို လေ့လာသွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်အကုန်မှာ ဒေသတွင်း ဝန်ဆောင်မှုကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်။
အဲဒီစီမံကိန်းထဲမှာ ၂၀၂၆ ခုနှစ်အတွင်း Skyports ရဲ့ Bicester Vertiport ကနေ လေယာဉ်မှူးပါဝင်မယ့် eVTOL သရုပ်ပြပျံသန်းမှုတစ်ခု ပြုလုပ်ဖို့လည်း ပါဝင်ပါတယ်။ ဒါဟာ UK မှာရှိတဲ့ vertiport (ဒေါင်လိုက်ပျံတက်ဆင်းသက်နိုင်သော လေယာဉ်ကွင်း) တစ်ခုကနေ ပထမဆုံးအကြိမ် ပြုလုပ်တာမျိုး ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
ဒီစီမံကိန်းဟာ Civil Aviation Authority က ချမှတ်ထားတဲ့ eVTOL Delivery Model အသစ်နဲ့လည်း ကိုက်ညီမှုရှိပါတယ်။ အဲဒီ model မှာတော့ အနာဂတ် စီးပွားဖြစ်ပျံသန်းမှုတွေအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လမ်းကြောင်းတွေကို ဖော်ပြထားပါတယ်။
ဒီစီမံကိန်းသာ အောင်မြင်ခဲ့မယ်ဆိုရင် အဲဒီ တက္ကစီလေယာဉ်တွေဟာ Oxford နဲ့ Cambridge ကြား ခရီးသွားချိန်ကို သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ပြီး ရေရှည်တည်တံ့တဲ့ လျှပ်စစ်ပို့ဆောင်ရေးစနစ်ကိုလည်း ဖော်ဆောင်ပေးနိုင်မှာပါ။ ဒါ့အပြင် စီးပွားရေးတိုးတက်မှုနဲ့ ဒေသတွင်းချိတ်ဆက်မှုကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။
Ref : Technology Innovation