အခုနည်းပညာခေတ်ထဲမှာ NFT လို့ လူသိများလာတဲ့ Non Fungible Token တွေဟာ နေရာတိုင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နည်းပညာနယ်ပယ်တင်မဟုတ်ဘဲ Concert တွေ၊ Fashion Show တွေနဲ့ Celebrities တွေကိုယ်တိုင် ပါဝင်လာကြတာကြောင့် အခုအချိန်မှာ လူစိတ်ဝင်စားမှုအများဆုံး စကားလုံးတစ်ခုဖြစ်လာတယ်ဆိုရင်လည်း မမှားပါဘူး။ ဘယ်လောက်ထိ အောင်မြင်မှုရရှိခဲ့သလဲဆိုရင် ပြီးခဲ့တဲ့နှစ်တုန်းက Collins Dictionary မှာ Word of the Year အထိ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ လူအများစုက အခုအချိန်အထိ NFT ဆိုတာ ဘာမှန်းမသိသေးဘူးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Money မဂ္ဂဇင်း နဲ့ Morning Consult တို့က ပူးပေါင်းပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံမှာတောင် ပျှမ်းမျှလူ ၄ ဦးမှာ ၁ ယောက်ကပဲ NFT အကြောင်းကို သေချာသိရှိပြီး ပြန်လည်ရှင်းပြနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။

အဆိုပါ စစ်တမ်းဟာ လူပေါင်း ၂,၂၁၀ ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ၃၅ ရာခိုင်နှုန်းသော လူတွေက NFT အကြောင်းကို အကြမ်းဖျင်းသိရှိထားပြီး ၂၆ ရာခိုင်နှုန်းသော လူတွေကပဲ NFT တွေအကြောင်းကို သေချာသိရှိပြီး ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပြန်ရှင်းပြနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံလိုမျိုး NFT နဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေများပြားတဲ့နိုင်ငံမှာတောင်မှ NFT အကြောင်းကို သိရှိသူနည်းပါးနေသေးတာဖြစ်ပါတယ်။

NFT တွေဟာ အကြမ်းဖျင်းအားဖြင့် Digital နည်းလမ်းအရ ပိုင်ဆိုင်မှုတွေဖြစ်ပြီး အစားထိုးလဲလှယ်နိုင်ခြင်းမရှိတာကြောင့် အနုပညာဖန်တီးမှုတွေ၊ ဓါတ်ပုံတွေ၊ စာသားတွေအပြင် တခြားသောအရာဝတ္ထုတွေအများအပြားကို NFT အနေနဲ့ ပြောင်းလဲသိမ်းဆည်းထားကြတာဖြစ်ပါတယ်။ ဒါကိုမှ ဖန်တီးသူပေါ်မှုတည်ပြီး တန်ဖိုးအမျိုးမျိုးသတ်မှတ်ရောင်းချကြတာဖြစ်ပါတယ်။

Ref – Entrepreneur