နာမည်ကြီး Weibo သတင်းပေးတစ်ယောက်ဖြစ်တဲ့ Digital Chat Station ဆီက သတင်းသစ်တစ်ခုအရ Xiaomi က နောက်ထွက်လာမယ့် ဖုန်းတစ်လုံးမှာ 9,000 mAh ဘက်ထရီကို ထည့်သွင်းဖို့ လုပ်ဆောင်နေပါတယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး၊ အဲဒီဖုန်းမှာ 100W အမြန်အားသွင်းစနစ်လည်း ပါဝင်မယ်ဆိုတော့ ပိုပြီးတော့တောင် မိုက်နေပါတယ်။

ဒါ့အပြင် Xiaomi က 10,000 mAh ရှေ့ပြေးပုံစံ (prototype) တစ်ခုကိုလည်း လုပ်ဆောင်နေပါသေးတယ်။
တကယ်လို့သာ ဒီသတင်းက မှန်ကန်ခဲ့မယ်ဆိုရင်၊ နာမည်မသိရသေးတဲ့ အဲဒီ Redmi ဖုန်းအသစ်ဟာ အကြီးဆုံး ဖုန်းဘက်ထရီတွေထဲက တစ်လုံး ဖြစ်လာမှာပါ။

တရုတ်သတင်းရင်းမြစ်တချို့ကတော့ အဲဒီဖုန်းဟာ Redmi Turbo 5 ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ အဲဒီအချက်က ဒီဖုန်းနဲ့ပတ်သက်ပြီး လတ်တလောထွက်ထားတဲ့ သတင်းတွေ (7,500 mAh ဘက်ထရီ ပါမယ်ဆိုတဲ့ သတင်း) နဲ့တော့ ပြန်ပြီးကွဲလွဲနေပါတယ်။
စိတ်မကောင်းစရာကတော့၊ ဒီဖုန်း တရုတ်နိုင်ငံပြင်ပကို ထွက်လာဖို့၊ ဒါမှမဟုတ် အနည်းဆုံးတော့ အခုပြောနေတဲ့ ဘက်ထရီပမာဏအတိုင်း ထွက်လာဖို့ကို သိပ်မယုံကြည်ကြပါဘူး။ အရင်ကလည်း ဆီလီကွန်-ကာဗွန် ဘက်ထရီအကြီးတွေသုံးထားတဲ့ တရုတ်ဗားရှင်းဖုန်းတွေဟာ ဥရောပနဲ့ တခြားဈေးကွက်တွေဆီ ရောက်တဲ့အခါ ဘက်ထရီပမာဏ လျှော့ချပြီးမှ တင်ပို့လေ့ရှိပါတယ်။ ဒီတော့ ခုချိန်မှာတော့ အရမ်းကြီး မျှော်လင့်မထားကြဖို့ လိုပါသေးတယ်။
Ref : gsmarena